၃၁. ၈. ၂၀၂၃
Written by Peya

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်လာပြီး မကြာမီ ပိုက်ကို ခလုတ်တိုက်မိကာ လဲကျရာက ခေါင်းထိသွားသည့် မြန်မာအမျိုးသမီးငယ်တစ်ဦး အသက်ဆုံးရှုံးသွားရကြောင်း နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ထံက သိရသည်။

မလေးရှားနိုင်ငံ KL Maluri တွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် မိချစ်စုရီသည် နေအိမ်ပေါ်တွင် ရေပိုက်အား ခလုပ်တိုက်မိပြီး ၂ ခန့် အမြင့်က လဲကျရာတွင် ဦးခေါင်း၏ ဘယ်ဘက်ခြမ်း ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူကောင်မလေးက အထောက်အထားလည်း မရှိတာရယ်၊ ပြီးတော့ ရောက်တာကလည်း လပိုင်းပဲ ကြာသေးတာ။ အဲ့ဒီတော့ ဆေးခန်းသွားဖို့ကလည်း မသွားရဲတော့ အဖော်စောင့်ရင်း ဆေးမြီးတိုနဲ့ ကုရင်းနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက ဆိုသည်။

သေဆုံးသူမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအနောက်ဘက်ကမ်းကျေးရွာအုပ်စု၊ သရက်ကျေးရွာက ဖြစ်ပြီး ယမန့်နေ့ ဩဂုတ် ၃၀ ရက်တွင် ချဲရတ်ဂျလန်ကွာလီ သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *