၁၅.၈.၂၀၂၃
Written by Thuta Zaw

မဟာဗျူဟာအရအရေးပါသည့် ကရင်ပြည်နယ်၊ လက်ခတ်တောင်တွင်တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဇူလိုင်လအတွင်း သိမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းကုန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ တိုက်ပွဲပြင်းထန်နေသည်ဟု သိရပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

“လက်နက်ကြီးသံတွေ ကြားရတယ်။ တပ်မတော်ကလည်း ဒီစခန်းက ဗျူဟာမြောက်စခန်းဆိုတော့ ထိုးစစ်ဆင်နေတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

တယ်လီဂရမ်ချယ်နယ်များတွင် ထွက်ပေါ်နေသော သတင်းများအရ အဆိုပါတောင်ကုန်းကို တပ်မတော်က ပြန်လည်သိမ်း ပိုက်နိုင်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပေးရေးသားနေကြသည်ကို တွေ့ရပြီး အဆိုပါတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ကော်ပရာစစ်ကြောင်းက အာရုံစိုက်ပေးကြရန်နှင့် “တမနက်လုံး တဒုံးဒုံး တဒိုင်းဒိုင်းဖြစ်နေတာ သိကြရဲ့လားဗျာ” ဟူသော စာသားအပါအဝင် တိုက်ပွဲနှင့် ပတ်သက်၍ အခြေအနေကို ရေးသားထားကြောင်း တွေ့မြင်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *