၂၈. ၇. ၂၀၂၃
Written by Pan Ei

တရုတ်နိုင်ငံက အသက် ၁၆ နှစ်အရွယ် ကြိုးခုန်ပညာရှင်လူငယ်တစ်ဦးဟာ တစ်မိနစ်အတွင်း ၃၇၄ ကြိမ် ကြိုးခုန်ကာ ၁၀ နှစ်ကြာအောင် ဘယ်သူမှမချိုးဖျက်နိုင်ခဲ့တဲ့ လက်ရှိကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

တစ်စက္ကန့်ကို ၆ ကြိမ်မက ကြိုးခုန်နိုင်ခဲ့တဲ့ သူဟာ တရုတ်နိုင်ငံ Yuyao မြို့က Zhou Qi ဆိုသူ လူငယ်တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဂျပန်က Daisuke Mimura တင်ထားတဲ့ တစ်မိနစ်အတွင်း ၃၄၈ ကြိမ် ခုန်နိုင်တဲ့ စံချိန်ကို သူဟာ ချိုးဖျက်နိုင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်က သူ့ရဲ့ ကျောင်းမှာကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ သူခုန်နိုင်ခဲ့တဲ့ အကြိမ်အရေအတွက်က တစ်မိနစ်ကို ၃၉၈ ကြိမ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အဲ့ဒီအချိန်က အကျုံးမဝင်ဖြစ်ခဲ့ရတာကြောင့် သူဟာ လက်မလျှော့ခဲ့ဘဲ ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ဖို့ အခုတစ်ခါ ထပ်မံကြိုးစားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တစ်မိနစ်အတွင်း ကြိုးခုန်နိုင်မှုအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ အံ့သြဖွယ်ကောင်းတဲ့ စွမ်းဆောင်ချက်ဟာ အံ့အားသင့်စရာဖြစ်စေသလို သူဟာ အသက်ကြီးလာတဲ့အခါ နည်းပြတစ်ဦးဖြစ်ချင်ပြီး သူ့လုပ်ဆောင်နိုင်စွမ်းတွေကို မျိုးဆက်သစ်တွေဆီ လွှဲပြောင်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *

Related News