ပြည်တွင်းစက်သုံးဆီဆိုင်တစ်ခုကို တွေ့ရစဥ်

၂၇. ၁၀. ၂၀၂၂

Written by Tha Doe

နှစ်ရက်အတွင်း စက်သုံးဆီဂါလန် ၅ ဒသမ ၄၇ သန်း ဆီချထားပြီး ဆီဂါလံ ၁၄ သန်းကျော် ဆီချလုပ်ငန်း ဆောင်ရွက်နေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ပြည်တွင်းသုံးစွဲနေသည့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီ တင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Synergy သင်္ဘောသည် ဓာတ်ဆီ 92 Ron ၀ ဒသမ ၉၁ ဂါလန်သန်း၊ ရိုးရိုး ဒီဇယ်ဆီ ၂ ဒသမ ၅၅ ဂါလန် သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ ၁ ဒသမ ၃၄ ဂါလန်သန်းကို အောက်တိုဘာ ၂၄ ရက်တွင် ဆီချခဲ့သည်။

ထို့နောက် MT Aulac Vision သင်္ဘောသည် ဓာတ်ဆီ 92 Ron ၂ ဒသမ ၀၁ ဂါလန် သန်းကို အောက်တိုဘာ ၂၅ ရက်တွင် ဆီချလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ MT Yu Dong သင်္ဘောသည် ဓာတ်ဆီ 92 Ron ၂ ဒသမ ၇၆ ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron ၀ ဒသမ ၉၂ ဂါလန်သန်းနှင့် ရိုးရိုး ဒီဇယ်ဆီ ၁ ဒသမ ၆၅ ဂါလန်သန်း ဆီချမည်ဖြစ်ပြီး ရိုးရိုးဒီဇယ်ဆီ ၃ ဒသမ ၀၇ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၃ ဒသမ ၀၇ ၃ ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘော၊ ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၆၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘောများသည် သက်ဆိုင်ရာ Terminal များသို ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်သီလဝါ ဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

FATF ၏ Blacklist သွင်းခြင်းအကျိုးဆက်ကြောင့် စက်သုံးဆီစျေးများမြင့်တက်မည်ဟု ထင်မှတ်ကာ ယာဥ်ပိုင်ရှင်အများစုက အောက်တိုဘာ ၂၂၊ ၂၃၊ ၂၄ ရက်များတွင် 92 Ron တစ်လီတာ ၁၉၈၅ ကျပ်ဝန်းကျင်ဖြင့် ဆီဖြည့်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေးမှာမူ စျေးကျဆင်းမှုများရှိနေသည်။ အောက်တိုဘာ ၂၁ ရက်က 92 Ron တစ်လီတာ ၁၉၉၅ ကျပ်၊ 95 Ron တစ်လီတာ ၂၀၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၇၇၅ ကျပ်မှ စျေးနေ့စဥ်ကျရိပ်ပြပြီး အောက်တိုဘာ ၂၇ ရက်တွင် 92 Ron တစ်လီတာ ၁၉၂၀ ကျပ်၊ 95 Ron တစ်လီတာ ၂၀၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၆၉၅ ကျပ်သို့ ကျဆင်းလာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *