၂၀. ၇. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ် Yong Peng (R&R)ရှိ ကားရပ်နားစခန်းတွင် ရပ်ထားသော ကားအတွင်းမှ သေဆုံးလျက်ရှိနေသည့် မြန်မာနိုင်ငံသားသုံးဦးကို ဇူလိုင် ၁၈ရက်နေ့ ညပိုင်းက တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။

မလေးရှား မီးသတ်ဌာနနှင့်ကယ်ဆယ်ရေးဌာန၏ အကြီးအကဲ Suhairulair Sarip က ၎င်းတို့သည် ကားထဲတွင် လူသုံးဦးသေဆုံးနေသည် သတင်းကိုလက်ခံရရှိခဲ့ပြီးနောက်သွားရောက်စစ်ဆေးခဲ့ကြောင်း၊ လူအများက ကား၏လေကာမှန်ကို ဖျက်ဆီးပြီး အထဲတွင်သတိလစ်နေသော လူသုံးဦးကို ထုတ်ယူနေခြင်းကိုတွေ့ရှိခဲ့ကြောင်း ပြောသည်။

မလေးရှား မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာန အဖွဲ့ဝင်များသည် အဆိုပါကားထဲတွင် အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး သတိလစ်နေသည်ကို ကနဦးတွေ့ရှိခဲ့ပြီးစမ်းသပ်စစ်ဆေးခဲ့ရာ သေဆုံးနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။ သေဆုံးနေသူသုံးဦးထဲတွင်အမျိုးသားနှစ်ဦးက အသက် ၂၃နှစ်နှင့် အသက် ၂၅နှစ်အရွယ်များဖြစ်ပြီးအမျိုးသမီးက အသက် ၂၇ နှစ်အရွယ်ဖြစ်ကြောင်း မလေးရှား မီးသတ်ဌာနနှင့် ကယ်ဆယ်ရေး ဌာန၏ အကြီးအကဲက ပြောသည်။

၎င်းက ” ကားရဲ့လေကာမှန်ကို လူတွေက ဖျက်ဆီးပြီး ကားထဲရှိလူတွေကို အပြင်ကိုထုတ်ခဲ့တယ်။ ကားထဲရှိလူတွေဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သတိလစ် သေဆုံးနေခဲ့တယ်။ စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ဖို့ ရဲတပ်ဖွဲ့ထံထပ်မံလွှဲပြောင်းပေးထားတယ်” ဟု ပြောသည်။

အခင်းဖြစ်ချိန်တွင် ကားတံခါးများ Locked ကျနေခဲ့ကြောင်း၊ အဆိုပါကားပေါ်တွင်ပါလာသောသူများသည် Pahangဒေသ Genting Highlands အရပ်မှ Taman Air Biru အရပ်ဒေသကို ငှားယူထားသောကားဖြင့် မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ရဲမှူး Shahrulanuar Mushaddat Abdullah Sani က ပြောသည်။

၎င်းက ” အဲဒီသေဆုံးခဲ့သူတွေဟာ ကားထဲမှာအိပ်ဖို့ ရပ်နားခဲ့တယ်လို့ ယူဆတယ်” ဟုပြောသည်။ မျက်မြင်တွေ့ရှိသူများက အဆိုပါ ကားထဲတွင်သေဆုံးနေသူများသည် ကားကို ကန်ကြောက်နေသည်ကိုလည်း တွေ့မြင်ခဲ့သလို ကားထဲတွင်မလှုပ်မယှက် လဲလျောင်းနေသည်ကို သတိထားမိကြောင်းပြောသည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက ” ကား ကရပ်နားထားတာကြာနေချိန်မှာ ကားထဲမှာရှိနေတဲ့ သူတွေ တုံ့ပြန်လှုပ်ရှားမှုတွေလည်းမရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ သူတို့ကို နှိုးဖို့ ကားမှန်တံခါးတစ်ခုကို ရိုက်နှက်ခဲ့တယ်”ဟု ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် ကားထဲတွင် မြန်မာနိုင်ငံသားသုံးဦး သေဆုံးမှုကို ရုတ်တရက်သေဆုံးမှုအဖြစ်သတ်မှတ်ထားပြီး ခွဲစိတ်စစ်ဆေးပြီးချိန်မှသာ သေဆုံးရသောအကြောင်းအရင်းကို အတိအကျသိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

Ref- freemalaysiatoday

Leave a Reply

Your email address will not be published. Required fields are marked *

Related News