MT News

ရိုက်ကူးတင်ဆက် – ဟေမာ၊ ပန်းအိ

၂၀၂၂ ခုနှစ် ကထိန်ရာသီမှာတော့ နိဗ္ဗာန်ကုန်ရောင်းချသူတွေက ရောင်းရေးဝယ်တာ အေးနိုင်မယ် ထင်ပေမယ့် ဥတ်သင်္ကန်းနဲ့ အလှဆင်ငွေပန်းခိုင်တွေ အရောင်းသွက်နေတယ်လို့ ဆိုပါတယ်။

သင်္ကန်း တစ်စုံစာကို ရွှေဖလားထဲမှာ ရွှေပန်းပွင့် ၊ ရွှေပန်းခိုင် ရွှေကြိုးတွေနဲ့ အလှဆင်ထားတဲ့ ကထိန်ပစ္စည်းတွေကတော့ ဒီနှစ်စျေးကွက်မှာ အမှာများလို့ ဗဟန်းစျေးထဲက နိဗ္ဗာန်ကုန်လက်ကားဆိုင်တွေ အဲဒီလို အလှဆင်တာကိုပဲ ပိုမိုလုပ်ကိုင်ရောင်းချနေကြပါတယ်။

အလှဆင်ပြီးသား သင်္ကန်းတစ်စုံကို လက်ကားစျေးက သင်္ကန်းအမျိုးအစားအပေါ်လိုက်ပြီး အနိမ့်ဆုံး ကျပ် ၁၀၀၀၀၀ ကနေ စပါတယ်။ အလှဆင်ရတဲ့ လက်ခနဲ့ ပစ္စည်းဖိုးတင် ကျပ် ၃ သောင်းပေးရတယ်လို့ ရောင်းချသူတွေက တွက်ချက်ပြပါတယ်။

ဒီနှစ်ကထိန်ပွဲတော်က မိုးကလည်း နိုဝင်ဘာလဆန်းလောက်အထိ ဆက်ရွာနိုင်တာမို့လို့ အရင်လို ပွဲလမ်းသဘင်နဲ့ ခင်းကျင်းတာထက် အေးကထိန် ဖြစ်ဖို့ များတယ်လို့လည်း စျေးသူစျေးသားတွေက ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *