ပြုတ်ကျသေဆုံးခဲ့သည့် အမျိုးသမီးငယ်အား တွေ့ရစဥ်

MT News

Written by Naing Thuta

မန္တလေးမြို့ မြရည်နန္ဒာအိမ်ယာတိုက်ခန်းပေါ်မှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်း ကြား၊ ၁၁၈ လမ်းနှင့် ၁၁၉ လမ်းကြားရှိ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ယာ၊ မမ-၂၆၊ တိုက်-၁၄၊ အခန်း-၁၁ တွင်နေထိုင်သူ အသက် ၂၇ နှစ်အရွယ် မ…..သည် အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း ဒေသခံတစ်ဦးပြောဆိုမှုအရ သိရသည်။

” မနက် ၉ နာရီကျော်လောက်က မမ-၂၆ ၊ တိုက် ၁၄ က မိန်းကလေးတစ်ဦး တိုက်ပေါ်က ပြုတ်ကျ (ခုန်ချ)သေဆုံးသွားတာ ဟုတ်တယ်။ အကြွေးတွေများလို့ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ကြားတာပဲ။ သိပ်မကြာဘူး သက်ဆိုင်ရာက လာစစ်ဆေးပြီး အလောင်းကိုသယ်သွားတယ်” ဟု ၎င်းတိုက်ခန်းအနီးတွင်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးသည် ကားဂိတ်တစ်ခုတွင် အလုပ်လုပ်သူဟုလည်း သိရပြီး အလုပ်အဆင်မပြေမှုများလည်း ရှိသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ပြုတ်ကျမှုကြောင့် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ (၁)ချက်နှင့် မေးစေ့ကွဲဒဏ်ရာများရရှိ သေဆုံးနေသဖြင့် မြရည်နန္ဒာလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့မှ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *