MT News

Written by Thettant

ရွှေတောင်ကြားကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည့် NUG ၏ တော်ဝင်နွေဦး စီမံကိန်းမြေကွက်များ လေးရက်အတွင်း အားလုံး ရောင်းချနိုင်ပြီဖြစ်ကြောင်း NUG ၏ The End of Dictatorship က ယမန်နေ့ကကြေညာသည်။

အဆိုပါမြေကွက်များမှာ ကနဦး ဒေါ်လာ ၂၈၈၀၀ ပေးသွင်းရမည့် မြေကွက် ၁၂၀ နှင့် ဒေါ်လာ ၅၄၀၀၀ ပေးသွင်းရမည့် မြေကွက် ၄၀ ပါဝင်ပြီး ကနဦးရောင်းချရမှုတန်ဖိုးမှာ ဒေါ်လာ ၅၆ သန်းကျော် တန်ဖိုးရှိသည်ဟုလည်း သိရသည်။

“Spring Yangon Investment Phase II စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ နဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက်များ အားလုံး ရောင်းချပေးပြီး ဖြစ်ပါတယ်။ တော်ဝင်နွေဦး စီမံကိန်းမှာ တော်လှန်ရေး ကာလအတွင်း ဒေါ်လာ ၂၈၈၀၀ ပေးသွင်းရတဲ့ မြေကွက် ၁၂၀ နဲ့ ဒေါ်လာ ၅၄၀၀၀ ပေးသွင်းရတဲ့ မြေကွက် ၄၀ ပါဝင်ပါတယ်။ တော်လှန်ရေးကို ပိုမိုခက်ခဲ ကြမ်းတမ်းစွာ ရှေ့ဆက်နေချိန်မှာ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းပေးတဲ့ ပြည်သူ အပေါင်းကို ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်”ဟု The End of Dictatorship က ဆိုသည်။

NUG အနေဖြင့် Spring Yangon Investment Phase II ဆိုကာ ဗဟန်းနှင့် တောင်ဒဂုံမှမြေကွက်များကို ခွဲစိတ်ရောင်းချနေသည်။ ထိုသို့ရောင်းချနေသော်လည်း ဝယ်ယူထားသည့်မြေနေရာ ရရှိမည်ဟု အာမခံနိုင်ခြင်းမူမရှိဘဲ ဝယ်ယူထားသည့်နေရာတွင် မြေကွက်ဖော်ဆောင်မပေးနိုင်ပါက ခေတ်ကာလတန်ဖိုးတူ သို့မဟုတ် တန်ဖိုးသာမြေကွက်ပြန်ပေးမည်ဟုသာ နွေဦးရင်းနှီးမြှုပ်နှံမှုစီမံကိန်း မြေပိုင်ဆိုင်မှုစာချုပ်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News