MT News

Written by Ye Kyaw

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပို့ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းတင်ပို့ခြင်းနှင့် ကုန်ပစ္စည်းတင်သွင်းခြင်းများ လွယ်လူ‌ချောမွေ့စေရန် ဖြေလျှော့နိုင်သမျှ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်က ဇူလိုင်လ ၁၅ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပိုနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးညွှန့်အောင်က ပြောကြားသည်။

မြေပြင်အခြေအနေတွင် အမှန်တကယ် ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို သိရှိနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ပစ္စည်းများတင်ပို့ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာ တင်ပို့၊ တင်သွင်းနိုင်ရန်အတွက် ဖြေလျှော့ပေးနိုင်သမျှ ဖြေလျှော့၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များတွင်လည်း စက်သုံးဆီ လုံလောက်စွာရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးညွှန့်အောင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားချက်အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက လတ်တလောမြေပြင်တွင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုအခက်အခဲများကို မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News