MT News

Written by Hey Mar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၈/၀)နဲ့ (၁၁၈/၁) ကြားမှာ AD Van အမျိုးအစား ယာဉ်(၁)စီး မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းကြက်ခြေနီအသင်းကနေ သိရပါတယ် ။

အဆိုပါယာဥ်ဟာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းက ထန်းပင်ကို ဝင်ရောက်တိုက်မိတာလို့ သိရှိရပြီး မတော်တဆမှုကြောင့် ယာဥ်ပေါ်ပါသူ အမျိုးသားတစ်ဦးက မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ယာဥ်မတော်တဆမှု သတင်းရရှိတာကြောင့် ဖြူး(၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို အမြန်လမ်းကြက်ခြေနီအသင်းက လူနာတင်ယာဉ်နဲ့ ဖြူးဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *