MT News

Translated by Htwe Ko Tun

ဆော်ဒီအာရေဗျနိုင်ငံ၊ အယ်လ်ဟိုဖတ်မြို့ရှိ ပရိဘောဂစက်ရုံတစ်ခုတွင် ဇူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခုနှစ်ဦးအပါအဝင် လူ ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာများတွင် မီးက မြို့တော် ရီးယာ့ဒ်နှင့် ကီလိုမီတာ ၃၅၀ အကွာရှိ စီးပွားရေးနယ်မြေမှ ပရိဘောဂစက်ရုံတွင် ဇူလိုင်လ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် မီးလောင်ခဲ့ခြင်းဟုဖော်ပြခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့အာဏာပိုင်များကလည်း အကြောင်းကြားချက်ရသည်နှင့် ကယ်ဆယ်ရေးအဖွဲ့များပါစေလွှတ်ခဲ့သည်။

မီး‌ကြောင့် လူကိုးဦးသေဆုံးခဲ့ရာတွင် ခုနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြသည်။ မီးကြောင့် စက်ရုံအတွင်း အလုပ်သမားအများအပြားပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်၍ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ပေးခဲ့ရသည်။ ၎င်းတို့အနက် နှစ်ဦးမှာမီးလောင်ဒဏ်ရာများ ပြင်းထန်ကြောင်းလည်းသိရသည်။သေဆုံးသူများတွင် အိန္ဒိယနိုင်ငံသားတစ်ဦးပါဝင်ကြောင်းလည်းသိရပြီး မီးလောင်ရခြင်းအကြောင်းရင်းကိုမူ လောလောဆယ်မသိရှိရသေးပေ။

Ref-Financial Express

Leave a Reply

Your email address will not be published. Required fields are marked *

Related News