MT News

Written by Nay Moe

မကွေးတိုင်း၊ မင်းဘူးမြို့နယ် မန်းသံပုရာကန်မှ မန္တလေးအထိသွယ်တန်းထားသည့် MOGE Gas ပိုက်လိုင်းတစ်နေရာအား နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံအခြေစိုက် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့က ယနေ့တွင် ဝန်ခံ ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ မကွေးတိုင်း၊ မင်းဘူးမြို့နယ် မန်းသံပုရာကန်မှ မန္တလေးအထိသွယ်တန်းထားသည့် MOGE ဂက်(စ်)ပိုက်လိုင်းတစ်နေရာကို အောက်တိုဘာ ၂၂ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်နှင့် ၂၃ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် တစ်ကြိမ် ဖောက်ခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဗိုလ်စားပြောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်အပြီး တင်ထားသော ရုပ်သံဖိုင်တွင် သဘာဝဓာတ်ငွေ့များ ပန်းထွက်နေသည်ကိုလည်း တွေ့ရပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ SAC ၏ ထောက်တိုင်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

”SAC အတွက် အကြီးမားဆုံး ထောက်တိုင်တစ်ခုဖြစ်နေလို့ ကျွန်တော်တို့ ဖောက်ခွဲလိုက်ရခြင်းဖြစ်သလို SAC ကိုအထောက်ကူပြုနေတဲ့ မည်သည့် ထောက်တိုင်ကိုမဆို သတိပေးနေမှာမဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်စားပြောက်ကျား တပ်ဖွဲ့က ဆိုသည်။

ထိုတိုက်ခိုက်မှုကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နှင့်အတူ ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သည့် MGN 35 တို့ ပူးပေါင်းဖောက်ခွဲခြင်းဖြစ်ပြီး “အောင်မြင်မှူမှတ်တိုင်တစ်ခု”ဟုလည်း ကြွေးကြော်ထားသည်။

ဗိုလ်စားပြောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲဖျက်ဆီးထားသော Gas Pipe အား တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *