၂၅-၁၀-၂၀၂၂

Written by Thettant

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ)၊ ဆိုလာအလုပ်ရုံနှင့် LED မီးသီးအလုပ်ရုံများအား ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် PPP (Public Private Partnership) ပုံစံဖြင့် လုပ်ဆောင်ရန် စီစဉ်နေသည်။

ထိုအတွက် စိတ်ဝင်စားမှုအဆိုပြုလွှ ာ(Expression of Interest-EOI) ကိုလည်း ခေါ်ယူထားပြီး ဆိုလာအလုပ်ရုံတွင် ဆိုလာလုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ အလုပ်ရုံနှစ်ခုတွင် PPP စနစ်ဖြင့် လုပ်ကိုင်လိုသူများအနေဖြင့် EOI ကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့လိပ်မူပြီး နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီအရောက် ပေးပို့တင်ပြရမည်ဖြစ်သည်။

အဆိုပြုလွှာပုံစံနှင့် ပတ်သက်ပြီး အခြားသက်ဆိုင်ရာစာရွက်စာတမ်းများအဖြစ် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကို တိကျသေချာစွ ာဖော်ပြထားသည့်အကြောင်းကြားစာ၊ သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်၊ ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ စည်းမျဉ်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၏ လုပ်ကိုင်မည့်လုပ်ငန်းအတွေ့အကြုံ၊ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မည့်သူ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း စသည်များကို ဖော်ပြရမည်လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *