MT News
Written by Nay Aung
မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်ခဲ့သူ Iskander Azizov သည် တာဝန်ပြီးဆုံးသည့်အတွက် မိခင်နိုင်ငံသို့ ပြန်မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနေရာအတွက် အစားဝင်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်သည် မြန်မာ၊ ဆီရီယာလီနွန်၊ Guinea နိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် ရုရှားသံအမတ်ကြီးများကို မကြာသေးမီကခန့်အပ်ခဲ့ရာ အစ်ကန်ဒါ အက်ဇီဇောဗ့်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအသစ်အဖြစ် တာဝန်ယူသွားဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr.Nikolay Listopadov သည် တာဝန်ပြီးဆုံးသွားပြီဖြစ်သောကြောင့် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မည်ဖြစ်ရာ အစ်ကန်ဒါ အက်ဇီဇောဗ့်က တာဝန်များကို လွှဲပြောင်းရယူသွားဖွယ်ရှိနေသည်။
ထိုအပြင် အက်ဇီဇောဗ့်သည် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၂ဝ၁၃ ခုနှစ် မှ ၂ဝ၂၃ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အင်စတီကျူမှ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နဲ့ဘွဲ့ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
ရုရှား နှင့် မြန်မာနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် သံတမန်ရေးဆက်ဆံရေးထူထောင်ခဲ့ပြီး သံတမန်များအပြန်အလှန်စေလွှတ် တာဝန်ထမ်းဆောင်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။ ရုရှားသံမတ်ကြီး Aleksandr Saveliyev သည် ၁၉၅၀ အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ပထမဆုံးခန့်အပ်ခံရကြောင်း သိရသည်။
ရုရှား နှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၁၈ ဦးရှိခဲ့ပြီး အစ်ကန်ဒါ အက်ဇီဇောဗ့်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၁၉ ဦးမြောက် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Ref- Tass
