၃၀. ၆. ၂၀၂၃

Written by Thettant

ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဖလားရစေမဲ့ ဂိုးဖန်တီးရှင် ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မေဆွန်မောင့်ဟာ မန်ယူကိုလာဖို့အတွက် နှစ်သင်းအကြား ပေါင် ၅၅ သန်း(+၅ သန်း) နဲ့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

မန်ယူကို မရောင်းချရင် လာမဲ့နှစ်မှာ အလွတ်ထွက်ခွာခွင့်ပေးရမဲ့ မေဆွန်မောင့်အတွက် ချယ်လ်ဆီးဟာ သူလိုချင်တဲ့ ပေါင်သန်း ၇၀ ရဖို့ စျေးထပ်မကိုင်တော့ဘဲ ပေါင် ၅၅ သန်း အပိုဆုကြေး ၅ သန်းနဲ့ပဲ သဘောတူလိုက်တာပါ။

မေဆွန်မောင့်ဟာ မန်ယူမှာ တစ်ပတ်လစာ ပေါင် ၂၅၀၀၀၀ ရမှာဖြစ်ပြီး အပိုဆုကြေးနဲ့ဆို ပေါင် သုံးသိန်းလောက် ခံစားခွင့်ရမှာပါ။

နှစ်သင်းအကြား သဘောတူညီမှုရပြီးချိန်မှာ မေဆွန်မောင့်က မန်ယူအသင်းမှာ ဆေးစစ်ခံရဖို့ပဲကျန်တော့ပြီး မန်ယူအသင်းက သူ့ကို ငါးနှစ်စာချုပ် တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအကယ်ဒမီထွက် မေဆွန်မောင့်ဟာ အသင်းကြီးမှာ လေးရာသီအတွင်း ၁၉၅ ပွဲကစားခဲ့ပြီး ၃၃ ဂိုးသွင်းခဲ့သလို ဂိုးပံ့ပိုးမှု ၃၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလားသုံးလုံးအောင်မြင်မှုရခဲ့ဖူးတဲ့အပြင် တစ်ဦးချင်းဆုတံဆိပ်တွေလည်း များစွာရခဲ့လို့ ဒီကွင်းလယ်တိုက်စစ်ကစားသမားဟာ မန်ယူမှာ အောင်မြင်မှုတွေဆက်လက်ရယူနိုင်မလားဆိုတာတော့….။

Ref: Telegraph,Mirror, Sky Sports

Leave a Reply

Your email address will not be published. Required fields are marked *