MT News
Written By Thandar
အဆိုတော် စိန်လင်းကို Spring Myanmar & Golden Yadana Hotel ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၃ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ Spring Myanmar & Golden Yadana Hotel က တာ၀န်ရှိသူတွေက အဆိုတော် စိန်လင်းနဲ့ လက်တွဲပြီး Brand Ambassador ခန့်အပ်ဖြစ်တဲ့အကြောင်းကို ရှင်းလင်းခဲ့သလို အဆိုတော်စိန်လင်းကလည်း”Brand Ambassador အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ၀မ်းသာမိတယ်။ ဆက်လက်ပြီးလည်း ကျွန်တော့်ကို ခန့်အပ်တဲ့ Spring Myanmar & Golden Yadana Hotel အတွက်လည်း တာ၀န်ကျေအောင် ဆက်လက်ပြီး ကြိုးစား လုပ်ဆောင်သွားပါ့မယ်။ ဒီ Brand တွေ ဒီထက်ပိုပြီး ရောင်းကောင်းအောင် ဆက်လက် ကြိုးပမ်းသွားပါ့မယ်”လို့ ပြောပါတယ်။

ဒ့ါအပြင် အဆိုတော် စိန်လင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် ရတနာမိုင်၊ မိဖူး၊ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင် နဒီ၀င့်နိုင်တို့က အမှတ်တရစကားတွေပြောကြားခဲ့သလို တေးသီချင်းတွေနဲ့လည်း ဖျော်ဖြေခဲ့ကြပါတယ်။

သူဟာ အနုပညာပိုင်းတွင်သာမက စီးပွားရေးလုပ်ငန်းအနေနဲ့ Ginza Cafe ကော်ဖီဆိုင်ကိုလည်း ဖွင့်လှစ်ထားသူဖြစ်ပြီး အနုပညာနဲ့ စီးပွားရေးပိုင်းကို မျှတအောင် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ အဆိုတော် စိန်လင်းဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့အတွက် တေးသီချင်းတွေကို တစ်လ နှစ်ပုဒ်ခန့် ထွက်ရှိနေပြီး မကြာသေးမီကလည်း “အဖြည့်ခံ” ဆိုတဲ့ တေးသီချင်း ထွက်ရှိထားပါတယ်။

