
ဦးရဲခိုင်မှာ ဗိုလ်မှူးဟောင်းဖြစ်ပြီး ရန်ကုန်လေဆိပ်၏ လုံခြုံရေးအရာရှိချုပ်ဟု Urban Owls ပြော
MT News
အတိုင်ပင်ခံဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်အား သ-တ်ဖြတ်ခဲ့သည့် Urban Owls PDF အဖွဲ့က ဇွန်လ ၁၉ ရက် ည ၇ နာရီခန့်တွင် ဦးရဲခိုင်ဆိုသူကို ထပ်မံပစ်ခတ်သ-တ်ဖြတ်လိုက်ပြီး ယင်းတို့သ-တ်ဖြတ်သည့် ဦးရဲခိုင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ် (Chief of Security Division) ဗိုလ်မှူးဟောင်း ရဲခိုင်ဖြစ်သည်ဟု ပြောသည်။
ဦးရဲခိုင်သည် ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့) အလုပ်လုပ်ရန် ထွက်ခွာမည့်သူများအား ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက်ရပ်တည်သော အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများအား ငွေညှစ် ဓားပြတိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်သူဖြစ်သည်ဟု Urban Owls က ၎င်းတို့သ-တ်ဖြတ်သည့် ဦးရဲခိုင်အပေါ် စွပ်စွဲသည်။
“အိမ်ပြန်ရောက်တဲ့အချိန် အိမ်ရှေ့က စောင့်ပစ်သွားတာ” ဟု ဦးရဲခိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
MT News သတင်းဌာနအနေဖြင့် Urban Owls က ပစ်ခတ်ခံရသည့် ဦးရဲခိုင်ဖြစ်စဥ်နှင့် ပတ်သက်၍ ပစ်ခတ်ခံရသူ ဦးရဲခိုင်၏ လက်ရှိအခြေအနေ၊ Urban Owls ၏ စွပ်စွဲသတ်ဖြတ်မှု မှန်မမှန်အခြေအနေများကို အသေးစိတ် စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။