◾️ဂလေဇာမိသားစုလက်အောက်က မန်ယူအသင်းကို ကာတာဝန်ကြီးချုပ်ဟောင်း ရှိတ်ဂျက်ဆင်က လွှဲပြောင်းရယူနိုင်ခဲ့ပြီ
၁၃. ၆. ၂၀၂၃
Translated by Htwe Ko Tun
မန်ယူအသင်းပေါ်ကို ကုတ်သွေးစုတ်နေလို့ ကမ္ဘာတဝှမ်းလုံးက ပရိသတ်အားလုံးက #GlazersOut ဆိုပြီး တောင်းဆိုနေရတဲ့ ဆန္ဒတွေ အခုတော့ပြည့်ခဲ့ပါပြီ။
အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းလည်းဖြစ်တဲ့ ကမ္ဘာကျော် မန်ချက်စတာယူနိုက်တတ် အသင်းကို ပိုင်ရှင်ဟောင်းဖြစ်တဲ့ Glazer မိသားစုထံက လွှဲပြောင်းရယူနိုင်ဖို့အတွက် လေလံဆွဲယှဉ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ကာတာနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးတဲ့ ကာတာနိုင်ငံရေးသမား ရှိတ်ဂျက်ဆင်က အနိုင်ရရှိသွားခဲ့ပြီလို့ သတင်းမီဒီယာတွေက ဇွန်လ ၁၂ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူမယ့်အသင်းပိုင်ရှင်အသစ်အတွက် ဈေးပြိုင်ကမ်းလှမ်းချက် ကိုးကြိမ်ကို လအတန်ကြာပြုလုပ်ခဲ့ကြတာပါ။ အသင်းရဲ့ပိုင်ရှင်အသစ်အတွက် ရှိတ်ဂျက်ဆင်နဲ့အပြိုင် ဗြိတိသျှ ဘီလျံနာနဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဆာဂျင် ရက်ကလစ်ဖ်(Sir Jim Ratcliffe) ကလည်း ယှဉ်ပြိုင်ခဲ့တာပါ။
ဒါပေမယ့် ရှိတ်ဂျက်ဆင်ရဲ့ ဖခင်ပိုင်ဆိုင်တဲ့ ကာတာ သတင်းစာ Al-Watan အပါအဝင် နိုင်ငံတကာမီဒီယာတွေမှာ ရှိတ်ဂျက်ဆင်ကို လေလံယှဉ်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ပိုင်ရှင်အသစ်အဖြစ် ဖော်ပြခဲ့ကြပါတယ်။
လေလံပွဲမှာ ရှိတ်ဂျက်ဆင်ရဲ့ အသင်းကိုဝယ်ယူဖို့ ကမ်းလှမ်းချက်က ပေါင်စတာလင် ၅ ဘီလျံခန့်ရှိပြီး အသင်းအတွက် နောက်ထပ်ပေါင်စတာလင် တစ်ဘီလျံရင်းနှီးမြှုပ်နှံဖို့ ကတိပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေက ဆိုပါတယ်။
ရှိတ်ဂျက်ဆင်အနေနဲ့လည်း မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ပိုင်ရှင်အဖြစ် မကြာမီကြေညာလိမ့်မယ်လို မျှော်လင့်ရသလို ဂလေဇာမိသားစုကုတ်သွေးစုတ်နေမှုအောက်မှာ နှစ်ပေါင်းများစွာ နိမ့်ကျခံနေရတဲ့ မန်ယူကို ကယ်တင်နိုင်သူရှာဖွေနေတဲ့ မန်ယူပရိတ်သတ်တွေအတွက်လည်း ပြန်လည်လင်းလက်လာမဲ့ သရဲနီနေ့ရက်တွေကို စိတ်ကူးနဲ့ ကြိုဆိုနေရင်း….
Ref—–Mirror, Daily mail