၁၃. ၅. ၂၀၂၃
Written by Nay Moe

ရွှေကူ KPDF တပ်ရင်း (၁၂) နယ်မြေအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းကို လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ကြောင်း ခြိမ်းခြောက်စာကို KPDF က ထုတ်ပြန်ထားသည်။

ထို့ပြင် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို စာသင်ကျောင်းများတွင် ပညာမသင်စေဘဲ တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြရန်နှင့် SAC ၏ စာသင်ကျောင်းများတွင် အတန်းတင်ထားသော ကျောင်းသားများကို တရားဝင်အသိအမှတ်ပြုမည် မဟုတ်ကြောင်း အသိပေး နှိုးဆော်သည်ဟုလည်း KPDF က ပြောသည်။

ထို့ပြင် Non-CDM ဝန်ထမ်းများနှင့် SAC ကို အားပေး အားမြောက် ပြုလုပ်နေသူ မည်သူမဆို ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူစီရင်ခြင်းခံရမည် ဖြစ်ကြောင်းလည်း KPDF က သတိပေးသည်။

ဇွန်လ ၁ ရက်တွင် ကျောင်းများဖွင့်လှစ်ပြီးနောက် စာသင်ကျောင်း ၁၀ ကျောင်းထက်မနည်းကို NUG ဩဇာခံ PDF များက ဗုံးခွဲဖျက်ဆီးထားပြီး ကျောင်းအုပ်ကြီးများစွာထံကိုလည်း ကျောင်းဆက်မဖွင့်ရန် ကျည်ဆံနှင့် စာပို့ခြိမ်းခြောက်ထားကာ မကွေးတိုင်းဘက်တွင်လည်း ကျောင်းဆရာ၊ ဆရာမများကို PDF က ဝင်ရောက်ဖမ်းဆီးရာမှ ဆရာ၊ ဆရာမများဖမ်းမမိ၍ မိဘများကို ဖမ်းဆီးသွားမှုများလည်း ဖြစ်ပွားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *