April 20, 2024

◾️ ပြင်ဆင်ချိန် ၂၄ နာရီခန့်သာ အချိန်ရပြီး အားသိပ်မပြင်းနိုင်

၉. ၆. ၂၀၂၃
Written by Hey Mar

အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းငယ်၏ ခန့်မှန်းလမ်းကြောင်းမှာ ရခိုင်ပြည်နယ် စစ်တွေအနီးက ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး လေတိုက်နှုန်းအများဆုံး 50 knots (တစ်နာရီ ၅၇ မိုင်)ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သူ့တွေ့ရှိချက်ကို ယနေ့ ဇွန်လ ၉ ရက် နေ့လည် ၂ နာရီ ၃၀ ခန့်က ထပ်မံအသိပေးထားသည်။

ရခိုင်ပြည်နယ် စစ်တွေကို ထပ်မံဦးတည်နေသည့် အဆိုပါမုန်တိုင်း၏ ကုန်းတွင်းကို မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်နိုင်မည့်အချိန်မှာ ဇွန်လ ၁၀ ရက် နေ့လည် ၁၂ နာရီခွဲဟု သိရသည်။

အိန္ဒိယမိုးဝသဌာန၏ ထုတ်ပြန်ကြေညာချက်တွင်လည်း ယနေ့ နေ့လည် ၂ နာရီဝန်းကျင်အချိန်ထုတ်ပြန်ချက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ကြောင်း ဖော်ပြထားပြီး လာမည့်၂၄ နာရီအတွင်း WELL-MARKED-LOW-PRESSURE- AREA ဖြစ်မည်ဟု သတိပေးထားသည်။

“အားမပြင်းတာကြောင့် သိပ်စိုးရိမ်စရာတော့ မရှိပါဘူး။ အရင်ရက်တွေ မိုးများထားတာကြောင့် အမိုးအကာတွေလည်း လိုသလို ပြင်ဆင်ထားပြီးကြမှာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာတော့ နောက်လာမဲ့ ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးသည်းထန်နိုင်ပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ – ၄၀ ခန့်၊ ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲမှ ၃ လက်မခန့်အထိ ရွာနိုင်ပါမယ်” ဦးဝင်းနိုင်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *