April 19, 2024

MT News

၈. ၆. ၂၀၂၃

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာကရွှေတံဆိပ် ၁၄ ခု ရရှိထားပြီး ဇွန်လ ၇ ရက်တစ်နေ့တာအတွင်း ရွှေတံဆိပ် ၇ ခု ရရှိခဲ့​ကြောင်း သိရသည်။

ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပပေးနေပြီ မြန်မာအားကစားအဖွဲ့မှ အားကစားနည်း (၈)နည်း ပြိုင်ပွဲဝင် ၈၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်နေရာ ဇူလိုင် ၃ ရက်မှ ၆ ရက်အတွင်း ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၉ ခု ဆွတ်ခူးခဲ့သည်။

ထို့နောက် ဇူလိုင် ၇ ရက်တစ်နေ့တာအတွင်း ပြေးခုန်ပစ်အားကစားနည်းများမှ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၄)ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၃)ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၂)ခု နှင့်မျက်မမြင်စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်(၂)ခုထပ်မံဆွတ်ခူးရရှိခဲ့သည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၁၄)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ်(၁၈)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၄)ခု ဆွတ်ခူးရရှိထားပြီဖြစ်ပြီး ဆုရရှိထားသူများကိုလည်း မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်လှမိုးက ဆုချီးမြှင့်ပေးအပ်ထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *