၇. ၆. ၂၀၂၃
Written By Thandar

ဂျစ်ကန်ကန်အိုက်တင်လေးကြောင့် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ မင်းသမီး နန်းဆုဦးကတော့ အိမ်ထောင်ပြုဖို့ Ready မဖြစ်သေးပေမယ့် အပျိုကြီးလည်း မလုပ်ချင်သလို ရည်းစားကို Silence တွဲနေတာမျိုးလည်း မဟုတ်ပါဘူးလို့ ရင်ဖွင့်လာပါတယ်။

“Marriage တစ်ခုဆိုတာ လွယ်လွယ်လေးနဲ့ ဖြစ်လာတဲ့အရာမဟုတ်ဘူး။ Marriage တစ်ခုဆိုတာ တည်ဆောက်ရတဲ့အရာဖြစ်တယ်။ Marriage တစ်ခုဖြစ်လာဖို့ ရှေ့မှာ အများကြီး တည်ဆောက်ရတာတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူကြဘူး။ နန်းဆုအချစ်ရေးနဲ့ ပတ်သက်လို့ အမှန်အတိုင်းပြောရရင် အချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သတင်းမထွက်ခဲ့ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ နန်းဆုက Silent တွဲရတာ လည်းမကြိုက်ဘူး။ Official ချမပြတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ နန်းဆုကိုက အဲဒီလိုပဲနေတတ်တာ” လို့ သရုပ်ဆောင်နန်းဆုဦးက ပြောပါတယ်။

သူမဟာ ဇွန်လ ၉ ရက်မှာ ရုံတင်ပြသမယ့် ချစ်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး အချစ်ကား“အဓိပ္ပါယ်ရှိသော ကြယ်” ရုပ်ရှင်ကားမှာ အဆိုတော် အောင်ထက်ရဲ့ ကြယ် သီချင်းကို ပြန်ဆိုထားသလို ကိုယ်ပိုင်သံစဥ် သီချင်းသစ်တစ်ပုဒ်ကို သီဆိုထားသူလည်း ဖြစ်ပါတယ်။ မင်းသားမြင့်မြတ်နဲ့အတူ လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်ကတည်းက အနုပညာအလုပ်တွေ အတူလုပ်ဆောင်လာသူဖြစ်တဲ့အတွက် ချစ်ကြိုက်တဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရာမှာ အထူးတလည်ရင်းနှီးမှု ယူစရာမလိုဘူးလို့ ဆိုပါတယ်။

“နန်းဆု High School ဘဝထဲက ရည်းစားစထားတတ်တဲ့အရွယ်ထဲက ချစ်သူကောင်လေးနဲ့ အပြင်တွေ ဘာတွေ ပုံတင်ရတာ ဝါသနာမပါဘူး။ ပုံတင်ရတာ ဝါသနာမပါလို့ နန်းဆု မင်းသမီးဖြစ်ပြီး တော်တော်ကြာကြာမှ Fan တွေက တစ်ပတ်မှတစ်ပုံတင်လို့ ပြောလို့ တောင်းဆိုကြလို့ ပိုပြီး ဓာတ်ပုံရိုက်ရတာတွေ ပုံတင်ရတာတွေ သုံးဖြစ်လာတာပါ။ နန်းဆုရဲ့ Lifestyle က အဲဒီလိုနေရတာ မကြိုက်ဘူး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *