March 29, 2024

◾ ထိုလုပ်ရပ်ကို ရှုတ်ချပြီး စုံစမ်းဖော်ထုတ်မည်ဟု ကော့သောင်း PDF ပြော

MT News

Written by Nay Moe

ဘုတ်ပြင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစု PDF များက လုပ်ငန်းရှင်များအား ခြိမ်းခြောက်ငွေညှစ်နေသည်ဟု သိရပြီး ထိုလုပ်ရပ်ကို ရှုတ်ချကြောင်းနှင့် စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း ကော့သောင်း PDF ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ Wave Money ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော ဆိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များထံသို့ တော်လှန်ရေးအင်အားစု အမည်များဖြင့် ဖုန်းဆက်သွယ်ပြီး အဓမ္မခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေသည်ကို ဒေသခံပြည်သူများ၏ မြေပြင်သတင်းပေးပို့ချက်များအရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် (၁) တပ်ရင်းမှ သိရှိရသည်ဟု ကော့သောင်း PDF က ​ပြောသည်။

ထိုသို့ ဖုန်းဆက်သွယ်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းသည် ကော့သောင်းခရိုင်၊ အမှတ်(၁)တပ်ရင်း၊ T4 Zone နှင့် လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်း၊ ခြိမ်းခြောက်တောင်းခံမှုလည်း မရှိကြောင်းနှင့် အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများအား ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြုလုပ်နေသော မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့စည်းကိုမဆို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် (၁) တပ်ရင်း အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ဆက်လက်စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော့သောင်း PDF က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *