April 28, 2024

၅. ၆. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်အတွင်း အဂူဝါနီနှင့် ဆူလ်တန်ဂန့်မြို့နှစ်မြို့အား ဆက်သွယ်ရန် ဂင်္ဂါမြစ်ကိုဖြတ်လျက်တည်ဆောက်လျက်ရှိသော ကြိုးတံတားတစ်စင်းမှာ တည်ဆောက်ဆဲကာလအတွင်း ဇွန်လ ၄ ရက် ညနေ ၆ နာရီခန့်က ပြိုကျခဲ့ကြောင်းသိရသည်။

မျက်မြင်တွေ့ရှိသူများက ကြိုးတံတားကြီးမှာ အသက်ရှုမှားလောက်အောင်ပင် ဂင်္ဂါမြစ်အတွင်း ပြို၍ ထိုးကျခဲ့ကြောင်းပြောခဲ့ကြသည်။ ဤတံတားကြီးအနေဖြင့် ပြိုကျသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ထိုအဖြစ်အပျက်က အိန္ဒိယနိုင်ငံအတွင်း ခြစားအကျင့်စာရိတ္တပျက်ပြားမှုနှင့် စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်းကို ပြသရာလည်းရောက်ခဲ့သည်။

အာဏာရ Bharatiya Janata ပါတီမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အမစ် မာလ်ဗီရာက တံတားပြိုကျမှုအတွက် ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမား အပါအဝင် ပြည်နယ်အတွင်းတာဝန်ရှိသူများ ရာထူးမှနုတ်ထွက်ကြရန် တောင်းဆိုခဲ့သည်။

အဆိုပါတံတားက ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း မုန်တိုင်းဒဏ်ကြောင့် ပထမအကြိမ်ပြိုကျမှုဖြစ်ခဲ့သေးရာ ယခုအကြိမ်မှာ ဒုတိယအကြိမ်ပြိုလဲခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဘီဟာပြည်နယ်အတွင်း မီတာ ၂၀၀ ရှည်သော တည်ဆောက်ဆဲတံတားတစ်ခုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကပြိုလဲခဲ့သေးရာ ၎င်းက ပြည်နယ်အတွင်း ဒုတိယမြောက်တံတားပြိုလဲမှုလည်းဖြစ်ခဲ့ရသည်။ တံတား ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုစာရင်းအား အတိအကျမသိရသေးပေ။

Ref—–thenationalnews

Leave a Reply

Your email address will not be published. Required fields are marked *