MT News

Written by Thettant

မလေးရှားတွင် ယာဥ်မတော်တဆမှုဖြင့်သေဆုံးသော မန္တလေးတွင် နေထိုင်ခဲ့သည့် ကိုထူးဆိုသူမှာ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် သင်္ဂြိုဟ်ရန် အဆင်မပြေဖြစ်နေသည်ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရသည်။

အဆိုပါ ကိုထူး ဆိုသူသည် မလေးရှားနိူင်ငံ၊ စလန်းကောပြည်နယ်၊ ဆွန်ကိုင်းဘလို့မြို့ဆေးရုံကြီးတွင် မေလ ၂၃ ရက်ခန့်က ယာဥ်မတော်တဆမှုဖြစ်ကာ သေဆုံးခဲ့ပြီး သေဆုံးသူ ကိုထူးသည် အသက် (၅၃)နှစ်အရွယ်ရှိကာ မန္တလေးတိုင်း နန်း/ ပြည်ကြီးတံခွန်မြို့နယ် ၁၃/၂၈/ဇ တွင်နေထိုင်ခဲ့ကြောင်းသိရသည်။

၎င်းသည် မိသားစုနှင့်အဆွက်အသွယ်ပြတ်နေသည်မှာ ကာလကြာနေပြီဖြစ်၍ ဆက်လက်ပြီးနာရေးကိစ္စအတွက် သဂြိုဟ်ရန်မိသားစုနှင့်အဆက်အသွယ်ပြုဆောင်ရွက်ရမည်ဖြစ်သည်။ ထိုနာရေးမှာလည်း ကားအက်ဆီးဒန့်ဖြစ်ခါသေဆုံးသဖြင့် ပျက်စီးစပြုပြီး ထားစရာအခက်အခဲရှိနေသဖြင့် အမြန်ဆုံးသဂြိုလ်ပေးရန် ဆေးရုံနှင့်ရဲတပ်ဖွဲ့မှ အကူအညီတောင်းခံလာသည်ဟု သိရသည်။

သို့ဖြစ်ပါ၍သေဆုံးသူ (ကိုထူး) အသက် (၅၃)နှစ်အားသိရှိသူများ မိသားစု/မိတ်သင်္ဂဟများမှ လိုအပ်သောစာရွက်စာတမ်းကိစ္စရပ်များစီစဥ်ဆောင်ရွက်နိူင်ရန်အတွက် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) 016-6577903 သို့ ဆက်သွယ်ပေးပါရန် အကူအညီ​တောင်းခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *