၃. ၆. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ မိုခါမုန်တိုင်းဒဏ်ခံရသောဒေသများတွင် နေထိုင်သည့် လယ်သမားများအနေဖြင့် သီးနှံများကို အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ခြင်းမရှိလျှင် မြန်မာနိုင်ငံအနေဖြင့် အစားစာအခက်အခဲများကို မကြာမီ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်သည်။

ထို့အပြင် မုန်တိုင်းဒဏ်ခံရသော ဒေသများသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများရောက်ရှိမှုက နည်းပါးလျက်ရှိနေသေးကြောင်း ကုလသမဂ္ဂက ပြောသည်။

UNDP၏ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာန ကိုယ်စားလှယ် တီတွန် မီထရာက” အပျက်အစီးက တကယ်ကိုကြီးမားလွန်းတယ်။ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဆက်သွယ်ရေးတာဝါတိုင်တွေ၊ ကွန်ကရစ်တိုင်တွေ ကျိုးသွားခဲ့တယ်။ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့သစ်ပင်တွေလည်း အမြစ်ကနေ လှန်သွားတယ်” ဟုပြောသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုနှင့်အတူ မိုးရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံရှိ အိမ်ပေါင်း ၇၀၀၀၀၀ ခန့် ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့သလို စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းသုံးသပ်ထားသည်။

မိုခါမုန်တိုင်းသည် ပြီးခဲ့သောမေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ပိုင်းနှင့် အနီးနားပတ်ဝန်းကျင်ဒေသများသို့ တိုက်ခတ်ခဲ့ရာ လူရာချီသေဆုံးခဲ့သလို အိမ်ရာအဆောက်အဦများ ပျက်စီးခဲ့ရကြောင်းသိရသည်။

ထို့အတူ မုန်တိုင်းနှင့်အတူ ဖြစ်ပွားလာနိုင်သော နောက်ဆက်တွဲရောဂါများ ထပ်မံဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂကပြောသည်။

၎င်းက ” မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကျယ်ကျယ်ပြန့်ပြန်ဝင်ရောက် ကူညီခွင့်ပေးရမယ်။ ဒါဟာ အရမ်းအရေးကြီးတဲ့လိုအပ်ချက်ပါ။ ကိုယ်တိုင်ကူညီပေးနေရုံနဲ့ မလုံလောက်ဘူး” ဟုပြောသည်။

မုန်တိုင်းကြောင့် မျိုးစေ့များ ဆုံးရှုံးသွားခဲ့ရသလို လယ်ကွင်းများ၊ ငါးကန်များနှင့် ချိတ်ဆက်ထားသော လမ်းများ၊ တံတားများလည်း ပျက်စီးသွားခြင်းကြောင့် လယ်သမားများအတွက် အခက်အခဲများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ် တီတွန် မီထရာက ပြောသည်။

“လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လယ်သမားတွေဟာ စိုက်ပျိုးမှုတွေကို ချက်ချင်း ပြန်မလုပ်နိုင်ဘူးဆိုရင် လာမယ့်လအနည်းငယ်အကြာမှာ အစားစာအခက်ခဲတွေ တွေ့ကြုံရဖွယ်ရှိနေပါတယ်။ လယ်သမားတွေအတွက် လိုအပ်မှုတွေကို ထိရောက်စွာ တုံ့ပြန်ပေးနိုင်ခြင်းမရှိဘူးဆိုရင် အစားအစာရရှိမှုဟာ လာမဲ့လများအတွင်း ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒီအချက်မှာ လိုအပ်ချက်တွေများပြားနေတဲ့အတွက် နိုင်ငံရေးကင်းမဲ့ပြီး အကူအညီများပေးရမယ့်အချိန်ဖြစ်ပါတယ်” ဟု တီတွန် မီထရာက ပြောသည်။

Ref——-apnews

Leave a Reply

Your email address will not be published. Required fields are marked *