၃၀. ၅. ၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်မှ မိုခါ ဘေးဒဏ်သင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အိမ်အမိုးသွပ် အချပ်ရေ တစ်သောင်း လှူဒါန်းခဲ့ကြောင်း မေလ ၃၀ ရက်တွင် သတင်းရရှိသည်။

နိုင်ငံတော် ဩဝါဒါ စရိယသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက မေလ ၃၀ ရက်တွင် ရခိုင်ပြည်နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ကာလတန်ဖိုးငွေ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ အိမ်အမိုးသွပ်အချပ်ပေါင်း (၁၀၀၀၀) ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးသည် ရခိုင်ပြည်နယ်ရှိ မုန်တိုင်း ဘေးဒဏ်သင့် ပြည်သူများအတွက် မေလ ၁၅ ရက်တွင် ကျပ်သိန်း ၁၀၀၀၊ မေလ ၂၃ ရက်တွင် ဆန်တစ်တင်းခွဲ အိတ်ရေ ၁၀၀၀ နှင့် ယနေ့ မေလ ၃၀ ရက်တွင် သွပ်ပြားများကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းဘေးဒဏ်သင့် ရခိုင်ပြည်နယ်တွင် အိမ်ခေါင်မိုးများ ပျက်စီးခဲ့ရသည့် နေအိမ်အများအပြား ရှိခဲ့သည့်အတွက် အိမ်မိုးသွပ်များကို လိုအပ်ချက် မြင့်မားနေကာ ယခုကဲ့သို့ ဆရာတော်ဘုရားကြီး၏ အလှူသည် ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသော အရာဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *