ဝန်ကြီးချုပ်လောင်း ပီတာ

MT News

Translated by Htwe Ko Tun

မေလ ၁၄ ရက်တွင် ကျင်းပခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် Move Forward Party(MFP) ခေါင်းဆောင် ပီတာ လင်ဂျာရွန်နတ်အနေဖြင့် အကယ်၍ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရပါက ၎င်း၏ရွေးကောက်ပွဲယှဉ်ပြိုင်နိုင်ခွင့်အရည်အသွေးများ ပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ၎င်း၏ အစိုးရအဖွဲ့ဖျက်သိမ်းပေးရန်တောင်းဆိုမှုများနှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း တရားရုံးသို့ ဥပဒေကြောင်းအရ တောင်းဆိုသူ မစ္စတာ ရွန်ခရိုင်း လီကစ်ဝတ်တနာက မေလ ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

မစ္စတာ ရွန်ခရိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အကယ်၍ မစ္စတာပီတာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရမည်ဆိုပါက အနည်းဆုံးအောက်လွှတ်တော်အမတ် ဆယ်ပုံတစ်ပုံက လက်မှတ်ထိုးတောင်းဆိုထားသော တောင်းဆိုစာကို တရားရုံးသို့တင်သွင်းကာ ၎င်းနှင့်၎င်းခေါင်းဆောင်သောအစိုးရတို့၏ အရည်အချင်းများမှန်ကန် ပြည့်ဝမှုရှိမရှိနှင့် ဥပဒေနှင့်ကိုက်ညီခြင်းရှိမရှိ စဉ်းစားပေးရန်တောင်းဆိုသွားမည်ဟု ပြောခဲ့သည်။

မစ္စတာ ရွန်ခရိုင်းက လက်ရှိကြားဖြတ်အစိုးရကိုခေါင်းဆောင်နေသော Palang Pracharath ပါတီ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ Palang Pracharath ပါတီက ရွေးကောက်ပွဲတွင် စတုတ္ထရရှိခဲ့သည်။ မေလ ၂၉ ရက်တွင် မစ္စတာ ရွန်ခရိုင်းက ပီတာ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့မှုတွင် သတ်မှတ်အရည်အချင်းနှင့်ပြည့်ဝမှုရှိမရှိ စစ်ဆေးပေးရန်တောင်းဆိုမှုတစ်ရပ်ပြုခဲ့သည်။ ၎င်း၏ တောင်းဆိုတိုင်ကြားမှုတွင် မစ္စတာပီတာက iTV မီဒီယာလုပ်ငန်းတွင် အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားခဲ့မှုအပေါ်အခြေခံခဲ့သည်။

iTV Media က မှတ်ပုံတင်ထားသော မီဒီယာလုပ်ငန်းတစ်ခုဖြစ်ပြီး ယခုအချိန်တွင်မူ ဆက်လက် လုပ်ကိုင်ခြင်း မရှိ တော့ပေ။ ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အောက်လွှတ်တော်အမတ်များအား မီဒီယာလုပ်ငန်းများ၏ အစုရှယ်ယာရှင်များမဖြစ်ရန် တားမြစ်ထားသည်။

မစ္စတာ ရွန်ခရိုင်းက ပီတာသည် ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်၍ အောက်လွှတ်တောက်အမတ်ဖြစ်ခဲ့ရာ ၎င်း၏ အရည်အချင်းမပြည့်မီဘဲ ယှဉ်ပြိုင်ခဲ့မှုကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ ကော်မရှင်က ၎င်းအားနောက်ကြောင်းပြန်စစ်ဆေးပေးပါရန် တောင်းဆိုခဲ့သည်။ ထိုသို့ အရည်အ သွေးမပြည့်မီမှုက မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် MFP ပါတီ၏အမတ်လောင်းများအား ပီတာက အတည်ပြုခဲ့မှုနှင့် ၎င်းပါတီအတွက် ၎င်း၏ဝန်ကြီးချုပ်လောင်းအဖြစ် ကိုယ်စားပြုမှုကိုပါ သက်ရောက်မှု ရှိမည် ဟုလည်း ရွန်ခရိုင်းက ပြောခဲ့သည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *