April 29, 2024

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် ဓာတ်ရောင်ခြည်ကုသဆောင်အား SAC ဥက္ကဋ္ဌ ဖွင့်လှစ်ပေးစဥ်မြင်ကွင်း။

၃၀. ၅. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ညွှန်ကြားချက်အရ ကင်ဆာဝေဒနာသည်များ ဓာတ်ရောင်ခြည်ကုသခြင်းလုပ်ငန်းကို စောင့်ဆိုင်းမှုမရှိ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဓာတ်ရောင်ခြည်ကုသရေးစက် ၁၀ လုံးခန့်ပါရှိသည့် National Cancer Centre ကို ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကင်ဆာဝေဒနာသည်များအတွက် ဓာတ်ရောင်ခြည်ကုသရေးစက် လေးလုံးသာရှိသည့်အတွက် တစ်ရက်ပျမ်းမျှ စက်တစ်လုံးတွင် လူနာဦးရေ ၈၀ ခန့်အထိ ဓာတ်ရောင်ခြည်ကုသပေးနေရသောကြောင့် လူနာများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် အခြေအနေများ လျော့နည်းသွားစေရန် ယခုကဲ့သို့ စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ National Cancer Centre ဆိုပြီး ဆောက်နေတယ်။ ကုလားဝဲတံတားအဆင်းမှာ ၁၀ လုံးလားမသိဘူး ပါပါမယ်။ ကျွန်တော်တို့ကတော့ ဒါကို အရည်အသွေးထိန်းပေးရတာပေါ့။ အခုကတော့ Foundation ပြီးနေပြီ။ စက် ၁၀ လုံးဆိုတာကတော့ ပထမ စစချင်းပေါ့” ဟု အဆိုပါဓာတ်ရောင်ခြည်စက်များတည်ဆောက်ရေးတွင်ပါဝင်သည့် တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ National Cancer Centre အား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် (ကုလားဝဲ တံတားအနီး)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာန သုံးခုက ပူပေါင်းဆောင်ရွက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News