၃၀. ၅. ၂၀၂၃
Written by Nay Moe

KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF များက ယမန်နေ့နံနက်ပိုင်းတွင် ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး အား လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကားနှင့်ဆိုင်ကယ်အဟောင်းများတင်ဆောင်၍ ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီးယာဉ်နှင့် ၆ ဘီးယာဉ် ၂ စီးအား ရေး-မော်လမြိုင်သွား ကားလမ်း မိုင်တိုင် အမှတ်၊ ၆၂/၅ နှင့် ၆၂/၆ အကြားနေရာ၌ ယမန်နေ့ မေလ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက လက်နက်ငယ်များဖြင့် ကားဘီးများအား ပစ်ဖောက်၍ ယာဉ်မောင်းခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် ယာဉ်မောင်း ၂ ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရှိရပြီး ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား တရားဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *