April 24, 2024

၂၆. ၅. ၂၀၂၃
Written by Thettant

မန်ယူအသင်းဟာ ဇွန်လ ၃ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အန်တိုနီ အနေနဲ့ ဒီပွဲစဉ်ကို လွဲချော်ဖို့များနေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ မေလ ၂၆ ရက် နံနက်ခင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဥ်မှာ မန်ယူအသင်းဟာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ အသင်းအတွက် ဆုံးရှုံးမှုအဖြစ် ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်မွှေနှောက်ကစားနိုင်စွမ်းရှိတဲ့ အန်တိုနီ အနာတရဖြစ်သွားခဲ့တာကြောင့် ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။

ဒီပွဲမှာ အန်တိုနီဟာ ချဲလ်ဆီးကစားသမားချာလိုဘတ်ချ်ရဲ့ နောက်ကနေခြေစုံပစ်ကန်တဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဒဏ်ရာပြင်းထန်ခဲ့ပြီး ပွဲကစားချိန် ၂၉ မိနစ်မှာ သူ့ကို ထမ်းစင်နဲ့ထုတ် ရပ်ရှ်ဖို့နဲ့ လူစားလဲခဲ့ရတဲ့အပေါ် မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်က ” ကျွန်တော်မသိသေးပါဘူး။ သူထွက်သွားရတဲ့ပုံစံကိုလည်း အားလုံးမြင်မှာပါ။ သူ့ဒဏ်ရာရ ပြင်းထန်တယ်လို့ပဲ ပြောလို့ရသေးပြီး အနည်းဆုံး ၂၄ နာရီစောင့်ကြည့်ပြီးမှ ဒဏ်ရာအခြေအနေကို ပိုပြောနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာတဲ့အမှတ်ရဖို့လိုအပ်နေတဲ့ မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကို ပွဲချိန်တစ်လျှောက်လုံးခြေစွမ်းပြကစားခဲ့တဲ့ ကာစီမီရိုရဲ့ ပွဲချိန် ၆ မိနစ် အနိုင်ဂိုး၊ ပထမပိုင်း နာကျင်အချိန်ပို ၅ မိနစ်မှာ ဆန်ချိုကို လုံးဝမကြည့်ဘဲ Unseen Killer Pass နဲ့ ချပေးတာကို ဆန်ချိုက မာရှယ့်အတွက် Assit လုပ်ပေးတဲ့ဂိုးနဲ့ ပွဲချိန် ၇၃ မိနစ်မှာ ဖာနန်ဒက်ဇ်ရဲ့ ပင်နယ်လ်တီဂိုးနဲ့ ၇၈ မိနစ်မှာ ရပ်ရှ်ဖို့ရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်ကျမှ ဂျာအိုဖီးလစ်က သွင်းယူပေးခဲ့တာပါ။

မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး ရာသီကုန်မှာအဆင့် ၃ နဲ့ရပ်တည်နိုင်ဖို့ သေချာသလောက်နီးနီးရှိပေမဲ့ ဒီနေ့ပွဲမှာ အန်တိုနီအပြင် လုခ်ရှောကိုလည်း လူစားလဲခဲ့ရတာကြောင့် သူတို့သာအချိန်မီ ပြန်ကောင်းမလာခဲ့ရင် လာမဲ့ ၉ ရက်မှာ ကစားရမဲ့ ပုံစံကောင်းရနေတဲ့ မန်စီးတီးနဲ့ FA ဖလားဗိုလ်လုပွဲရင်ဆိုင်ဖို့အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်လာမှာပါ။

Ref, Manchester Evening News

Leave a Reply

Your email address will not be published. Required fields are marked *