၂၁. ၅. ၂၀၂၃
Written by Tha Doe

ပြည်ပသြဇာလွှမ်းမိုးမှုခံရသော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီပွားရေး၊ ယဉ်ကျေးမှုစသည့် နယ်ယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများမှ ကာကွယ်ထိန်းချုပ်ရန် ဥပဒေရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် လုံခြုံရေး၊အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အကောင်အထည်ဖော်ရာတွင် ပြည်ပသြဇာလွှမ်းမိုးမှုခံရသော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီပွားရေး၊ ယဉ်ကျေးမှုစသည့် နယ်ယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများမှ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မတီကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ်အောင်နိုင်သူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မတီအနေဖြင့် ပြည်ပသြဇာလွှမ်းမိုးမှုခံရသော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများမှ ကာကွယ်ထိန်းချုပ်ရန်အတွက် အခြားနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေမူဘောင်များအား လေ့လာသုံးသပ်၍ မိမိနိုင်ငံ၏ အခြေအနေ များနှင့် ကိုက်ညီအောင် ဥပဒေ (မူကြမ်း) ပြုစုရေးဆွဲရမည်ဖြစ်သည်။

ထိုသို့ ရေးဆွဲထားသည့် ဥပဒေ (မူကြမ်း) အား သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနတို့၏ အကြံပြုချက်များအပေါ် စိစစ်သုံးသပ်၍ လိုအပ်ပါက ဥပဒေ (မူကြမ်း) ၏ အမည် အပါအဝင် အချက်အလက်များ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ဆောင်ရွက်ရမည်ဖြစ်ပြီး ထို ဥပဒေ (မူကြမ်း) ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ဥပဒေရေးရာအကြံပေးကော်မတီအစည်းအဝေးသို့ တင်ပြ၍ အကြံပြုချက်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အတည်ပြုချက်ရယူရမည်ဖြစ်သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာအကြံပေးကော်မတီမှ အတည်ပြုသည့် ဥပဒေ (မူကြမ်း) အား ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ တင်ပြဆောင်ရွက်ကာ ပြည်ပသြဇာလွှမ်းမိုးမှုခံရသော ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများထံမှ အဆက်အသွယ်ရယူပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီပွားရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီးတွင် ဝင်ရောက်ဆောင်ရွက်မှုများမှ ကာကွယ်ထိန်းချုပ်မည့် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ ဥပဒေ မြန်မာနိုင်ငံတွင် အတည်ပြုပြဌာန်းရမည်လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *