၁၀. ၅. ၂၀၂၃
Written by Naing Thuta
ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအားဓားဒဏ်ရာ ၃ ချက်ဖြင့် သတ်ဖြတ်ထားသည့်ရုပ်အလောင်းတွေ့ရှိမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ၉ ရက်နေ့ မနက် ၁၀ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဟင်းခွက်အိုင်အုပ်စု၊ ကံရင်းကျေးရွာတွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ်အမျိုးသမီးသည် ပျောက်ဆုံးနေ၍ မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ကျေးရွာ ရွာထိပ်ချောင်းရိုးအတွင်း၌ ဓားဒဏ်ရာ ၃ ချက်ဖြင့် သတ်ဖြတ်ခံထားရသော ရုပ်အလောင်းအား တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဒေသခံလူမှုကူညီရေးကားဖြင့် ကျောက်ပန်းတောင်းဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင်ပေါက်ပြဲဒဏ်ရာ ၁ ချက်တို့ ရရှိသေဆုံးနေပြီး အနီးတွင် မတလ/၃၀၄… အနက်ရောင် Pinbo 110 ဆိုင်ကယ် ၁ စီး၊ ဖိနပ် ၁ ရံ၊ နားကပ် ၁ ရံ၊ Mi အမျိုးအစား ရွှေအိုရောင်လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိ၍ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့များက စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
