၈. ၅. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD) က မေလ ၈ ရက် နံနက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်လာရာမှ မေလ ၉ ရက်တွင် မုန်တိုင်းငယ်အဖြစ်လည်းကောင်း၊ မေလ ၁၀ ရက်တွင် ဆိုင်ကလုံးမုန်တိုင်းအဆင့်သို့လည်းကောင်း ရောက်ရှိလာမည့် Cyclone Mocha သည် ယခု ရက်သတ္တပတ်အတွင်း အိန္ဒိယ၏အရှေ့ဘက်ပြည်နယ်များဖြစ်သော အိုဒီရှာပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်လျက် ကုန်းတွင်းသို့ဝင်ရောက်နိုင်ကြောင်း မေလ ၈ ရက် မွန်းလွဲ ၁ နာရီတွင်ထုတ်ပြန်ခဲ့သော ရာသီဥတုခန့်မှန်းချက်၌ ဖော်ပြခဲ့သည်။

သို့သော် အခြားဖြစ်နိုင်ဖွယ်လမ်းကြောင်းတစ်ခုအနေနှင့် မြောက်နှင့် အနောက်မြောက်ဘက်ဆီသို့ ဆက်လက် ရွေ့လျားနေသည့် Cyclone Mocha က မေလ ၁၁ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ မေလ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။ ထိုမှ ၎င်းက လမ်းကြောင်းတစ်ဖြည်းဖြည်းကွေးကာ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဦးတည်လျက် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ ကမ်းရိုးတန်း အစပ်ဆီသို့ ဦးတည်ဖွယ်လည်းရှိကြောင်း၊ သို့သော် ၎င်း၏ ဦးတည်ရာလမ်းကြောင်းအသေးစိတ်နှင့် အရှိန်ပြင်းထန်လာမှုတို့ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖွဲ့စည်းတည်ရှိပြီး နောက်နှစ်ရက်အတွင်းတွင်မှ ခန့်မှန်းပြောကြားနိုင်မည်ဟုလည်း IMD ထုတ်ပြန်ချက်က ဆိုခဲ့သည်။

Ref—–livemint

Leave a Reply

Your email address will not be published. Required fields are marked *

Related News