၁. ၅. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် (၁)ရပ်ကွက်ရှိ အနော်မာကန်အတွင်း ပိုင်ရှင်မဲ့အမျိုးသား ရုပ်အလောင်းအား ယနေ့ မေလ ၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်က ကူညီဆယ်ယူပေးခဲ့ရကြောင်း သာကေတမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ရပ်ကွက်နေ ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ချုပ်နှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းမှ ကန်အတွင်းရှိ ရုပ်အလောင်းအား ပူးပေါင်းဆယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက “အခုထိ ဘယ်သူ ဘယ်ဝါ ဘယ်ကမှန်းမသိရသေးဘူး။ စုံစမ်းတုန်းပါပဲ။ ကန်က ရပ်ကွက်သုံး သောက်သုံးရေကန်ပါ”ဟု MT News သို့ ပြောသည်။

ရုပ်အလောင်းအား သာကေတမြို့နယ်လူမှုကူညီရေးအသင်း၏ နာရေးကူညီမှုအသင်းကားဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်အတိုင်း စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *