April 30, 2024

၂၃. ၃. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့တွင် PDF များ ထောင်ထားခဲ့သည့် မာမား ခေါက်ဆွဲခြောက်နှစ်ဘူးအတွင်း ထည့်ထားသော လက်လုပ်ဗုံးကို တွေ့ရသောကြောင့် ဖောက်ခွဲဖျက်စီးလိုက်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက စုံစမ်းသိရသည်။

အဆိုပါ လက်လုပ်ဗုံးကို ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစုရပ်ကွက်၊ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့တွင် မတ်လ ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်က တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ရေကြောင်း ရဲတပ်ဖွဲ့ရုံးရှေ့မှာက အတားအဆီး လုပ်ထားတာ ရှိတယ်လေ။ ဘယ်ရီဂိတ်သဘောမျိုး။ အဲဒီအနားမှာ ခေါက်ဆွဲခြောက်ဘူးနှစ်ဘူးကို တွေ့တာ။ ပုံမှန်ဆိုရင် ခေါက်ဆွဲခြောက်ဘူးမှာ ဝါယာတွေ မပါဘူး မဟုတ်လား။ အဲဒါတွေ့တော့ စစ်ဆေးပြီး ဗုံးမှန်းသိတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ခေါက်ဆွဲခြောက်နှစ်ဘူးအနက် တစ်ဘူးတွင် ယမ်းများထည့်ထားပြီး နောက်တစ်ဘူးတွင် ဓာတ်ခဲ၊ ဆားကစ်ပြားတို့ ပါဝင်ကာ ဘူးနှစ်ဘူးကို ဝါယာဖြင့် ဆက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဒါကြောင့် အန္တရာယ်ကင်းအောင် အတားအဆီးတွေ လုပ်ပြီး ဖောက်ခွဲပစ်လိုက်တာ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News