April 30, 2024

EV လျှပ်စစ်ကားစမ်းသပ်မောင်းနှင်နေသော ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွေ့ရစဥ်

MT News

Written by Nyein Kyaw

လျှပ်စစ်ကား (EV)များ လမ်းနှင့်တံတား အသုံးပြုခွင့်အခွန်အခများကို လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ (၂) နှစ်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဟုတ်တယ် ၂၀၂၅ အထိ လမ်း၊ တံတား ကင်းလွတ်ခွင့်ပေးမယ်ဗျ။ နှစ်နှစ်ကင်းလွတ်ခွင့်ပေးမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ လမ်းတံတားအားလုံးအတွက် ပေးမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်က MT News သို့ မတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားသည်။

လာမည့်ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများ၊ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း/တံတားအားလုံးတွင် လျှပ်စစ်ကား (EV)ယာဥ်များ လမ်း/တံတား အသုံးပြုခွင့်ကို ၁၀၀ ရာခိုင်နှုန်း (လုံးဝ) လုံးဝကောက်ခံမည်မဟုတ်ကြောင်း သိရသည်။

ထို့အတူ လျှပ်စစ်ကား (EV)ယာဥ်များ ကနဦးမှတ်ပုံတင်ခြင်းကိုလည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ လမ်းအသုံးသုံးပြုခ၊ တန်ပိုကြေး၊ မြို့ဝင်ကြေး၊ အရောင်းပြခန်း၊ ပစ္စည်းခွန်၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ စသည်တို့အပေါ် အခွန်အခ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News