သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သည့် ပြည်သူများကို တွေ့ရစဥ် (Photo- Tha Doe)

MT News

Written by Tha Doe

ငြိမ်းချမ်းအေးမြစွာ နေထိုင်လိုသော ဗုဒွဘာသာဝင်များ အဘိဓမ္မာအခါတော်နေ့ဖြစ်သော သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်မှု အလွန်များပြားခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် အကြမ်းဖက်သမားများက မြေနီကုန်းတွင် ဗုံးခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ ကွယ်လွန်ခဲ့ရာ မေတ္တာအခါတော်နေ့ဖြစ်သော ဝါခေါင်လပြည့်နေ့တွင် ဘုရားစေတီများသို့ ပြည်သူများ သွားရောက်ဖူးမြော်မှုနည်းပါးခဲ့ပြီးနောက် ယနေ့ သီတင်းကျွတ်လပြည့်တွင် ဘုရားစေတီများ၌ ပြန်လည်စည်ကားခဲ့ခြင်းဖြစ်သည်။

”ဝါခေါင်လပြည့်နေ့က ကြောက်လို့ ဘယ်မှမသွားရဲဘူး။ ဒီလပြည့်လည်း ဘုရားဖူးချင်လို့သာ ထွက်လာတာ လူဒီလောက်များမယ် မထင်ဘူး။ ရွှေတိဂုံကုန်းတော်တစ်ခုလုံးပြည့်နေမယ်လို့ ထင်မထားတာကနေ လေးဘက်လေးတန်စောင်းတန်းတွေရော ရင်ပြင်တော်ပေါ်ရော ပြည့်နေတော့ တော်တော့်ကို အံ့ဩကြည်နူးမိတယ်။ ဗုံးမကြောက် အကြမ်းဖက်မကြောက် လာဖူးမြော်တဲ့သူတွေ ဘေးကင်းပါစေလို့လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆုတောင်းပေးခဲ့ပါတယ်” ဟု တာမွေမြို့နယ်နေ မဝါဝါက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *