

၁၉.၁၀.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ကလေးများရေလာကူးရာမှ ကလေးငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့သဖြင့် ကလေးများက အနီးဝန်းကျင်ရှိသူများကို အကူအညီတောင်းရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်ရှာဖွေခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူကလေး၏ ရုပ်အလောင်းကို စေတနာမေတ္တာဂရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
