

၁၉.၁၀.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုရာမှ အပူလွန်ကဲ၍ မီးလောင်မှု အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
“အိမ်ရှင်အမျိုးသမီးက အိမ်မှာလျှပ်စစ်နဲ့ ငါးပိရည်ကျိုထားခဲ့ပြီးဆေးလိပ်ရုံမှာ ဖက်ရွေးသွားတာ ငါးပိအိုးက အပူလွန်ပြီး မီးလောင်ရာကနေ တစ်အိမ်လုံးကိုလောင်သွားတာ “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
လူနေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ ၁နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
