




၁၉.၁၀.၂၀၂၆
Written By Min Thet
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား လူငယ် ကိုးဦးကို ဗုံးနှင့် မူးယစ်ဆေးများဖြင့် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများဖြစ်သော North Now , Thai PBS, Tak News စသည် တို့ တွင် ဖော်ပြထားကြ သည်။
ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၆ နာရီခန့်က ဖို့ဖရာ့တောင်ပိုင်းရှိ အခန်း ၁၀ ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် မြန်မာနိုင်ငံသားများအပါအဝင် လူ ၁၀ ဦး ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းများက ဖော်ပြထားကြသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအများစုမှာ အသက် ၂၀ ကျော်အရွယ်များဖြစ်ကာ ၎င်းတို့ နေထိုင်ရာ အခန်းများအတွင်း မှ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံးနှင့် မူးယစ်ဆေးဝါး ၃၀ ပြား ကျော် တွေ့ရှိခဲ့ကြောင်း လည်း သိရသည်။
အမှုတွင် လက်ပစ်ဗုံးနှင့် လက်လုပ်ဗုံးများကို လက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် ဖမ်းခံရသော မြန်မာနိုင်ငံသား နှစ်ဦး ၊ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် ဖမ်းခံရသော မြန်မာနိုင်ငံသား တစ်ဦး ရှိကြောင်း သိရသည်။
ကျန် မြန်မာနိုင်ငံသား ၆ ဦး နှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားကာ ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအား ပေါက်ကွဲစေတတ်သော လက်နက်များ တရား မဝင် လက် ဝယ်ပိုင်ဆိုင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုနှင့် တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်းလည်း သိရသည်။
Sources – Thai PBS, Tak News , North Now
