သက်တံ့
၂၀. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့က Crypto.com Arena မှာ မြန်မာစံတော်ချိန်အရ ဒီမနက် ထိုးသတ်နေတဲ့ UFC 331 Main Card ပွဲတွေရဲ့ ခေါင်ပွဲမှာ လက်ရှိချန်ပီယံ ဂျော်ရှဝါဗန် (Joshua Van) က စိန်ခေါ်သူ ပန်တိုဂျာကို အလဲထိုး ထပ်မံ အနိုင်ယူလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ UFC 323 ပြိုင်ပွဲမှာ ပန်တိုဂျာဟာ ပထမအချီ ၂၆ စက္ကန့်အတွင်းမှာပဲ ဗန့်ကို ကန်ချိန် ဗန်က ဖမ်းချုပ်ကိုင်ပေါက်လို့လဲကျချိန် အကျမတော်ဘဲ လက်ဒဏ်ရာရခဲ့တာကြောင့် ဒိုင်ပွဲရပ် (TKO) နဲ့ အနိုင်ရခဲ့တာပါ။ ဒါကိုပဲ ပန်တိုဂျာက သူရှုံးရတာ ဗန်ကိုင်ပေါက်လို့ဆိုတာ လက်မခံနိုင်ဘဲ မတော်တဆလို့ မှတ်ယူပြီး ချန်ပီယံအစစ်မဟုတ်ကြောင်း မီဒီယာကနေ တိုက်ခိုက်လို့ သူ့ထက်ပိုမိုငယ်ရွယ်သလို ပိုပြီးသန်မာတဲ့ တက်ဆူရိုတိုင်ရာနဲ့ ထိုးသတ်ပြရာမှာ အသာစီးနဲ့ ချန်ပီယံကာကွယ်ချိန်မှာ ရှုတ်ချမှု ရပ်သွားပေမဲ့ ဝေဖန်ထိုးနှက်မှုမရပ်တာကြောင့် ဒီနေ့ပွဲမှာတော့ ဗန်က သူသာ ချန်ပီယံအစစ်ဖြစ်ကြောင်း သက်သေပြ ထိုးသတ်သွားတာပါ။
ပထမအချီအစမှာ ပန်တိုဂျာဟာ ပထမပွဲတုန်းကလို အတင်းဝင်၊ အတင်းထွက် ဖိအားပေးဆက်ထိုးပြီး အတင်းဝင်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ ဗန်က ပြန်ရုန်းထွက်နိုင်ခဲ့သလို ဆိုင်ထိုးရာမှာ သူထိကိုယ်ထိဖြစ်ပြီး ဗန်ရဲ့ တံတောင်မှာ ပန်တိုဂျာ မျက်နှာအရိုက်ခံရချိန် မျက်နှာလက်နဲ့အုပ်ပြီးပါ ထွက်ပြေးသွားခဲ့ရတာပါ။ ဒုတိယအချီဆိုင်ထိုးရာမှာလည်း ဗန်က ထိချက်ပိုရပေမဲ့ ဗန်ခြေချော်ပြီး လဲသလိုဖြစ်သွားချိန်မှာ ပန်တိုဂျာ့ကို ခေါင်းနဲ့ တိုက်သလိုဖြစ်သွားတာပါ။ ဒါကို ပန်တိုဂျာက Complain တက်ပေမဲ့ ဒိုင်တွေ ပြန်ကြည့်ချိန်မှာ ခြေချော်သွားတာမြင်လို့ ဆက်ထိုးခွင့်ပြုခဲ့တာပါ။ ပွဲပြီးကာနီးမှာ ပန်တိုဂျာ Back Position ရသွားပေမဲ့ အချိန်မမှီလိုက်ပါဘူး။ တတိယအချီဟာ ပန်တိုဂျာ အထိအနာဆုံးဖြစ်သလို စတုတ္ထအချီဟာလည်း ဗန်က ထိချက်သာပြီး ပန်တိုဂျာ ချုပ်ချိန်မှာ ကောင်းမွန်တဲ့ထိုးချက်မရတာလည်း အားသာချက်ပါ။ ပဥ္စမအချီဟာ ပန်တိုဂျာ့ကို ဗန်က ပွဲဖြတ်လုနီးနီးဖြစ်ပေမဲ့ မဖြတ်နိုင်လိုက်တာကြောင့်ပဲ အမှတ်နဲ့ အနိုင်ရသွားခဲ့တာပါ။
ပန်တိုဂျာဟာ ချန်ပီယံဆု လေးကြိမ်ကာကွယ်ခဲ့တာ အလကားမဟုတ်ဘဲ သက်လုံကုန်ပြီထင်တိုင်းမှာ ပြန်ပြန်တက်လာပြီး ဝင်လုံးနိုင်တာ၊ ထိုးချက်ပြန်ထွက်လာတာ၊ ချုပ်ကွက်တက်လာတာတွေဟာ ဗန်အလဲထိုးဖို့ ခက်ခဲ့တာပါ။ ဗန်ဟာ ဒီနေ့ပွဲမှာ ပန်တိုဂျာ့ကို မျက်နှာထိုးချက် ၁၄၀ ရခဲ့ပြီး ပန်တိုဂျာက ၉၀ ကျော်ပါ။ ဘော်ဒီထိုးချက်မှာ ပန်တိုဂျာက ၁၅ ချက်လောက်သာပေမဲ့ အကြိမ်ကြိမ်လှဲချနေတဲ့ ပန်တိုဂျာက Takedown မရဘဲ ဗန်က Takedown တစ်ကြိမ်ရပြီး အလဲမထိုးနိုင်ပေမဲ့ အမှတ်နဲ့နိုင်သွားခဲ့တာကပဲ ကျေနပ်စရာဖြစ်ပြီး သူသာလျင် UFC Flyweight တန်းရဲ့ ဘုရင်အစစ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တာ မြန်မာပရိသတ်အဖို့တော့ ဂုဏ်ယူစရာပါ။
