MT News
၁၈.၉.၂၀၂၆
အဝေးသင်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၁ ရက်မှ စတင် မေးပွဲဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက အ သိပေးကြေညာသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၆ ပညာသင်နှစ်၊ အဝေးသင် သင်တန်းများဖြစ်သည့် ပထမအသုတ် အဝေးသင် သိပ္ပံအထူးပြု ဘာသာရပ်များအားလုံးသည် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ထို့အပြင် ဒုတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သော အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ ကျောင်းသားကျောင်းသူများသည် အောက်တိုဘာ ၂၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
အလားတူ တတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သော မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ကျောင်းသားကျောင်းသူများသည် နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
