နေမိုး
၁၈. ၉. ၂၀၂၆
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ ကြီးစိုးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို ယမန့်နေ့ (စက်တင်ဘာ ၁၇)က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သောကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က တပ်ခွဲမှူးအပါအဝင် PDF ၅ ဦး ပွဲချင်းပြီးသေဆုံးသွားပါတယ်။

မိုဆိုကျေးရွာအနီးမှာ KNDF လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ မယ်တော်ဂူစခန်းကို တပ်မတော်က ကင်းထောက်ပြီးမှ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးပစ်မှတ်ကို အတိအကျ ချေမှုန်းနိုင်ခဲ့တာပါ။
KNDF ဘက်က PDF ငါးယောက်သေတာနဲ့ ဒဏ်ရာရစာရင်း ဝန်ခံချက်ထွက်မလာသေးပေမဲ့ BBC သတင်းမှာတော့ ကင်းစောင့်နေတဲ့ KNDF လက်နက်ကိုင် ငါးဦး တပ်မတော်ရဲ့ ဒရုန်းကြောင့် သေဆုံးရတာကို KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဝန်ခံထားကြောင်း ဖော်ပြထားတဲ့အပြင် လူမှုကွန်ရက်မှာလည်း KNDF လက်နက်ကိုင်တွေက တပ်ခွဲမှူး ခွန်ရစ်ချတ်အပါအဝင် လက်နက်ကိုင်ငါးဦးသေဆုံးကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြ ဝမ်းနည်းနေကြတာ တွေ့ရပါတယ်။
