


၁၈.၉.၂၀၂၆
Written by Linn Eain
အိန္ဒိယသံရုံးက စီစဥ်ကျင်းပသည့် GANESH UTSAV ဂဏေရှ်ပွဲတော်(ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းပွဲတော်) အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၈ ရက်၊ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း (Hexagon Complex) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Abahay Thakuri၊ နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး H.E. Abbay Thakur က အဖွင့်နှုတ်ခွန်းဆက်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်တို့သည့် ဂဏေရှ်ပွဲတော်ရိုးရာအတိုင်း ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် Ganesh ပွဲတော်သည် မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက် ထိန်းသိမ်းနိုင်သည့် အခမ်းအနားကောင်းတစ်ရပ်ဖြစ်ပြီး ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုတိုးတက်ခိုင်မာလာပါစေကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ SVCC စင်တာမှ အိန္ဒိယယဉ်ကျေးမှုအဖွဲ့များက အဆို၊အက၊အတီးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဂဏေရှ်ပွဲတော် တာဝန်ရှိသူ Mr. Shyam Narsariaမှ ကျေးဇူးတင်စကား.ပြောကြားခဲ့ကြောင်း သိရသည်။
ဂဏေရှ်(GANESH UTSVP )ကို မြန်မာနိုင်ငံတွင်
ဆင်ခေါင်းနတ်ဘုရား (သို့မဟုတ်) မဟာပိန္နဲဟု သမိုင်းကြောင်းအရ လူသိများသည်။
