နေမိုး
၁၁. ၈. ၂၀၂၆
ကမ္ဘာ့အမွေအနှစ် ပုဂံညောင်ဦးဒေသမှ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအား ပစ်သတ်ခဲ့ပြီး နောက်လိုက်နှစ်ဦးအား ဖမ်းဆီးထားကြောင်း ကျူးလွန်သည့် ဧရာဒေါင်း PDF အဖွဲ့က ယနေ့ဝန်ခံလာသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် တစ်ဖက်ကမ်းရှိ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံညောင်ဦးမှ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင် ဆိုသူသည်နောက်လိုက် နှစ်ယောက်တို့နှင့်အတူ မြစ်ခြေတစ်ဖက်ကမ်းသို့ရောက်ရှိလာရာ မေလ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဧရာဒေါင်းPDF အဖွဲ့ နှင့် နှစ်ဖက်ထိတွေ့မှု ဆယ်မိနစ်ကြာဖြစ်ပွားခဲ့ပြီးနောက် နောင်နောင်ဆိုသူသည် နေရာတင်ပွဲခြင်းပြီးသေဆုံးသွားခဲ့ပြီး နောက်လိုက် နှစ်ဦးအား AK နှစ်လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်ဟုလည်း ဝန်ခံထားသည်။
ထိုကျူးလွန်မှုကို ယခုနှစ် မေလ ၁၀ ရက်နေ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုမှထုတ်ပြန်ရခြင်းမှာ မြစ်ခြေသို့ စစ်ကြောင်း၀င်ရောက်လာခြင်းနှင့် နယ်မြေစစ်ရေးတင်းမာမှုများကြောင့် ယခုမှ ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း ဝန်ခံပါရှိသည်။





