၁၀.၈.၂၀၂၆
Written By Thandar
တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ပြီး Weekly Cinema, Shared Stories ရုပ်ရှင်ပြပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၉ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
ယခုကျင်းပတဲ့ “ရသစုံလင် အပတ်စဉ်၊ တူညီရှုစား ဇာတ်လမ်းကောင်းများ”ရုပ်ရှင်ပြပွဲမှာ ပြသဖို့ ရုပ်ရှင်ကားကောင်း ရှစ်ကားကျော်ကို ရွေးချယ်ထားပါတယ်။ ဒီထဲမှာ ဒဏ္ဍာရီနဲ့ အာကာသသိပ္ပံ၊ တိုင်းဒဿနအမြင်၊ နေ့စဉ်လူမှုဘဝနဲ့ ခေတ်ကာလအကြောင်းများ၊ ရုန်းကန်ခဲ့ရတဲ့ နေ့ရက်များနဲ့ တိုင်းပြည်ရေးရာအကြောင်းများကို တင်ဆက်ထားတဲ့ ဇာတ်ကားများ ပါဝင်ပါတယ်။ ဒီဇာတ်ကားများဟာ ခေတ်နဲ့ မျက်မှောက်ခေတ်၊ ဝတ္ထုဇာတ်လမ်းနဲ့ ဖြစ်ရပ်မှန်တို့ကို တင်ဆက်ထားတာကြောင့် ရှေးယဉ်ကျေးမှုသမိုင်း၊ မျက်မောက်ခေတ် ဖွံ့ဖြိုးမှုအခြေအနေများနဲ့ တရုတ်လူမျိုးတို့ရဲ့ အတွေးအမြင်ထားများကို ထင်ဟပ်ပြသနိုင်ပါတယ်။ ဒီလိုမျိုး ဇာတ် ကောင်းတွေကနေတစ်ဆင့် မြန်မာပရိသတ်တွေ အနေနဲ့လည်း နှစ်နိုင်ငံအကြောင်း ပိုမို သိရှိပြီး အချင်းချင်း နားလည်မှု ပိုမိုရရှိစေမှာဖြစ်ပါတယ်။ ရုပ်ရှင်တွေကတစ်ဆင့် တရုတ်နိုင်ငံကို ပိုမိုသိရှိလာရင်းကနေ နှစ်နိုင်ငံကို သွားရောက်လည် ပတ်ပြီး ခုသမိုင်းကြောင်းတွေ တရုတ်နိုင်ငံရဲ့ လူမှုဘဝအခြေအနေနဲ့ ခေတ်ကာလဖွံ့ ဖြိုးမှုတွေ
ကို လေ့လာဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှည်ကြာလှတဲ့ နီးစပ်တဲ့အပြင် ကျေးမှုသမိုင်း ကြောင်းများလည်း ရှိပါတယ်။ ယဉ်ကျေးမှုဖလှယ်ရေးက နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်”လို့ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာရဲ့တာဝန်ခံ မစ္စတာဟန်ကျားကျွင်းက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတာဝန်ရှိသူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ သရုပ်ဆောင်ရဲအောင်၊ သူထူးစံ စတဲ့သူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
တရုတ်သံရုံး တာဝန်ရှိသူတစ်ယောက်က ရုပ်ရှင်ပြပွဲမှာဒဏ္ဍာရီနဲ့ အာကာသသိပ္ပံ၊ အရှေ့တိုင်းဒဿနအမြင်၊ နေ့စဉ်လူမှုဘဝနဲ့ ခေတ်ကာလအကြောင်းတွေ၊ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေနဲ့ တိုင်းပြည်ရေးရာ အကြောင်းတွေအပြင် “Shen Zhou 13″ဇာတ်ကားက Shen Zhou 13 အာကာသယာဉ်မှူးနဲ့ ရိုက်ကူးထားတဲ့ ပထမဆုံးအာကာသမှတ်တမ်းရုပ်ရှင်ဇာတ်ကားကိုလည်းရွေးချယ်ပြသမှာဖြစ်ပြီး မြန်မာပရိသတ်တွေအနေနဲ့လည်း တရုတ်နိုင်ငံအကြောင်း ပိုမိုသိရှိပြီး အချင်းချင်းနားလည်မှု ရရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ရသစုံလင် အပတ်စဉ်၊ တူညီရှုစား ဇာတ်လမ်းကောင်းများ”ဆိုတဲ့ ရုပ်ရှင်ပြပွဲ အစီအစဉ်တွေကို ၃ လတိတိ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှာ အပတ်စဉ် စနေနေ့တိုင်း အခမဲ့ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာ နဲ့ တရုတ်နိုင်ငံတို့ဟာ အစဉ်အလာ ကောင်းမွန်တဲ့ “ပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာ ၊ သိပ္ပံ နဲ့ နည်းပညာကဏ္ဍတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်ကပြောပါတယ်။
ဒီရုပ်ရှင်ပြပွဲမှာ ကဏ္ဍမျိုးစုံ၊ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေကို ရွေးချယ်ထားပြီး တရုတ်ဘာသာစကား နဲ့ တရုတ်ယဉ် ကျေးမှုကို လေ့လာချင်ကြတဲ့ မြန်မာလူငယ်တွေအနေနဲ့ ရုပ်ရှင်ကနေတစ်ဆင့် ပိုမိုလေ့လာနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
