၉.၈.၂၀၂၆
Written by Linn Eain
အမျိုးသားတစ်ဦး ထိုင်နေရာမှ လဲကျသေဆုံးမှု ကမာရွတ်မြို့နယ်ရှိ Time City အဆောက်အဦရှေ့တွင် ယနေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
ကမာရွတ်မြို့နယ်၊ Time City Office 3 အရှေ့တွင် အမျိုးသားတစ်ဦးထိုင်နေရာမှ လဲကျသွားကြောင်း အနီးပတ်ဝန်းကျင်မှ အဆိုပါအသင်းသို့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဆက်သွယ်အကူညီတောင်းသဖြင့် အသင်းမှ အရေးပေါ်လူနာတင် ယာဉ်တစ်စီး အခင်းဖြစ်နေရာသို့ ကူညီထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့နောက် လူနာအားဆန်းစစ်ကြည့်ရာ သေဆုံးနေသဖြင့် ရုပ်အလောင်းအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အခမဲ့ပို့ ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသား၏ အသက်၊ အမည်နှင့် နေရပ်လိပ်စာကို လက်တလောတွင် မသိရှိရသေးဘဲ အခင်းဖြစ်ပွားမှုကို ရိုက်ကူးထားသည့် ဓာတ်ပုံများအရ သေဆုံးသူ အမျိုးသားမှာ လူလတ်ပိုင်းအရွယ်ခန့်ရှ်ိမည်ဟု ခန့်မှန်းရကာ ၎င်း၏ ရုပ်အလောင်းဘေးတွင်လည်း ပန်းနာရင်ကျပ် (Asthma) ရှိသူများ ဆောင်ထားလေ့ရှိသည့် အသက်ရှုဆေးဂေါက်ဘူးကိုလည်း တွေ့ရှိရသည်။
ဓာတ်ပုံ-အနာဂတ်အလင်းတန်းပရဟိတအသင်း
