သတိုး
၃. ၇. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။



ပျံသန်းချိန် တစ်နာရီခန့်ပင်ကြာသည့် ခရီးစဥ်ဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင်ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ ရောက်ရှိရာ လာအိုအစိုးရအဖွဲ့ တာဝန်ရှိသူများက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်းလည်း သိရသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထောင်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်သည့် ယနေ့ခရီးစဥ်သည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။






