၂၀.၆.၂၀၂၆
Translated by Htwe Ko Tun
ဒိုမီနီကန်သမ္မတနိုင်ငံရှိ ဇိမ်ခံကမ်းခြေအပန်းဖြေစခန်းကြီးတစ်ခုတွင် မီးလောင်ကျွမ်းမှုကြီးတစ်ခု ဇွန်လ ၁၉ ရက်တွင် ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွား ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သတင်းများအရသိရသည်။
တာာဝန်ရှိသူများက နိုင်ငံ၏ အရှေ့တောင်ဘက်ကမ်းရိုးတန်း၊ ဘာရာဘိုက်မြို့ Bayahibe ရှိ Viva Dominicus Beach by Wyndham အပန်းဖြေစခန်း တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောခဲ့ကြသည်။
မီးလောင်မှုတွင် အသက် ၄၆ နှစ်အရွယ် အီတလီခရီးသွားအမျိုးသမီး Francesca Valentino သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဧည့်သည်များနှင့် အရေးပေါ်တုံ့ပြန်သူများ အပါအဝင် လူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခြောက်ဦးကို အခင်းဖြစ်ပွားရာနေရာတွင် ကုသပေးခဲ့ရကြောင်းသိရသည်။
မီးသတ်သမားများသည် မီးငြှိမ်းသတ်နေစဉ် ခရီးသွားရာပေါင်းများစွာကို အနီးအနားရှိ ဟိုတယ်များနှင့် တည်းခိုခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဒေသခံမီဒီယာများမှ မျှဝေထားသော ဗီဒီယိုတွင် ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက် မီးခိုးမည်းများ ထွက်ပေါ် နေပြီး ကောက်ရိုးမိုးအပါအဝင် အပန်းဖြေစခန်း၏ အစိတ်အပိုင်းများစွာကို မီးလောင်ကျွမ်းစေခဲ့သည်။
ဒိုမီနီကန်သမ္မတနိုင်ငံ၏ အရေးပေါ်လုပ်ငန်းလည်ပတ်ရေးဌာန (COE) က ကနဦးတွေ့ရှိချက်များအရ လေပြင်းတိုက်ခတ်မှုနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့တွင် အသုံးပြုထားသော မီးလောင်လွယ်သော ထန်းပင်ခေါင်မိုးများကြောင့် မီးသည် အလျင်အမြန်ပျံ့နှံ့သွားကြောင်း ဖော်ပြသည်။
မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ဒေသခံမီဒီယာများမှ မျှဝေထားသော ဗီဒီယိုတွင် ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက် မီးခိုးမည်းများ ထွက်ပေါ်နေပြီး ကောက်ရိုးမိုးအပါအဝင် အပန်းဖြေစခန်း၏ အစိတ်အပိုင်းများစွာကို မီးလောင်ကျွမ်းစေခဲ့သည်။
ဒိုမီနီကန်သမ္မတနိုင်ငံသည် ကာရစ်ဘီယံဒေသ၏ ခရီးသွားအများဆုံးလာရောက်လည်ပတ်သည့်နေရာဖြစ်ပြီး ယခုနှစ် ပထမငါးလအတွင်း ခရီးသွား ၅ ဒသမ ၆ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။
Ref; Sky News
